close
Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်းအတွင်း ဗုံးခိုကျင်းမတူးရန် စစ်ကောင်စီ ခြိမ်းခြောက်နေ

ရေကြည် အမတ ၃၄၄ မှတပ်မိသားစုဝင်များကိုပုသိမ်သို့​ပြောင်း​ရွှေ့ပြီး ​ဒေသခံများကိုမူ မ​ရွေ့​ပြောင်းရန် သတိ​​ပေး

ဧရာဝတီတိုင်းရှိ ​ဒေသအချို့နှင့် ရခိုင်-ဧရာဝတီအစပ်​ဒေသအချို့ကို Google Map တွင်​တွေ့ရမှု

ကဖေး/People’s Spring

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်၊ အမှတ် ၃၄၄ အမြောက်တပ် -(အမတ-၃၄၄)မှ တပ်မိသားစုဝင်များကို စစ်ကောင်စီကပုသိမ်မြို့သို့ရွှေ့ပြောင်းနေပြီး ဒေသခံများအား နေရပ်မှထွက်ခွာမသွားရန်၊ ဗုံးခိုကျင်းမတူးရန် နှင့် မလိုက်နာပါက နေအိမ်အားချိတ်ပိတ်မည်ဟု တိုင်းမှူးအမိန့်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများကခြိမ်းခြောက်နေသည်။

“တိုင်းမှူးအမိန့်ဆိုပြီး လာတာ။ တပ်မိသားစုဝင်တွေကိုတော့ ပုသိမ်ကို ပို့နေပြီး ဒေသခံတွေကို လူသားတံတိုင်းလို ပုံဖော်ပို့ကြိုးစားနေတာ။ ခြံတွေထဲလည်း ကတုပ်ကျင်းမတူးဖို့ ခြိမ်းခြောက်တယ်” ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

အမတ(၃၄၄)သည် မြောက်စမ်းရွာ၌ ရှိပြီး ယင်းနေရာပတ်ဝန်းကျင်မှ တောင်စမ်း၊ ကျောက်ချောင်း၊ ကွင်းချောင်း၊ ဖန်ခါးပြင်ရွာအပါအဝင် ရခိုင်ရိုးမနှင့် ဆက်စပ်နေသော ရွာပေါင်း ၂၀နီးပါးကို စစ်ကောင်စီဘက်မှ ခြိမ်းခြောက်နေခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“PDF တွေက စစ်ရေးသတိရှိဖို့ လိုင်းပေါ်ကနေ ကြေညာတယ်။ ဗုံးကိုကျင်းတူးဖို့သတိပေးတယ်။ စစ်တပ်က လိုက်တားနေတယ်။ စစ်ရေးအခြေအနေဘာဖြစ်လာမယ်ဆိုတာမသိပေမယ့် ကြိုတင်ကာကွယ်ဖို့ကို စစ်တပ်က ဟန့်တားနေတယ်” ဟု ငါးသိုင်းချောင်းမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

စစ်ကောင်စီသည်ရေကြည်မြို့အပြင် ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံ့ခင်း၊ ဟင်္သာတမြို့နယ်တို့တွင်လည်း ဒေသခံများအား နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုခြင်းမတူးရန် တားမြစ်နေကြောင်း သတင်းရရှိသည်။

ဂွမြို့ရှိစခန်းများကို လက်လွှတ်ရပြီးနောက် စစ်ကောင်စီကဧရာဝတီတိုင်းဘက်ရှိရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ရွှေ သောင်ယံမြို့နယ်တို့မှ ရခိုင်ရိုးမနှင့်ထိဆက်သည့်ကျေးရွာများတွင် ခံစစ်ပြင်ရေးကြိုးစားနေသည်။

အမတ(၃၄၄) ဝင်း၌လည်း လေယာဉ်ကွင်းအရေးပေါ် ဆောက်လုပ်နေသည်။ ထို့အပြင် ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာ၌လည်း လေယာဉ်ကွင်းတစ်ခု ဆောက်လုပ်ရန်စစ်ကောင်စီက ပြင်ဆင်နေကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဘက်သို့ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်စစ်ဘေးရှောင်များကိုလည်း စစ်​ကောင်စီက နေရပ်သို့ပြန်ရန် နှင် လွတ်နေပြီး ဖမ်းဆီးထိန်းသိမ်းမှုများလည်းရှိနေသည်။ မြောက်စမ်းရွာသို့ထွက်ပြေးလာသော ရခိုင်စစ်ဘေးရှောင်များအနက် ၁၆ဦးကို ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက စစ်ကောင်စီကဖမ်းဆီးခဲ့သည်။

ထို့အပြင် ဂွမြို့ကို အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ၂၉ရက်နေ့တွင် သိမ်းယူလိုက်ပြီး ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရခိုင်နှင့်ဧရာဝတီနယ်စပ်တွင် AA ကလိုက်လံတိုက်ခိုက်နေသလို စစ်ကောင်စီကလည်း ၎င်းတို့အချင်းချင်း တားဆီးတိုက်ခိုက်နေသည်။

တိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဘက်သို့ ဝင်ရောက်လာစဉ် ရွှေ သောင်ယံမြို့နယ်အတွင်းစစ်ကောင်စီက တားဆီးခဲ့ပြီးအပြန်အလှန် ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟု ​ဒေသခံ နှင့် စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီက အင်ဂျင်တပ်လေထီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တို့တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။

သတင်း

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။