close
Connect with us

Hi, what are you looking for?

သတင်း

မြစ်‌ခြေမြို့ကို စစ်ကောင်စီတပ်စစ်ကြောင်းသုံးကြောင်း ထိုး၍ ​နေအိမ်များမီးရှို့အကြမ်းဖက်

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(မြစ်ခြေမြို့နယ်အတွင်း ဒေသခံများ၏နေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဉ်။ ဓါတ်ပုံ-TT)
(မြစ်ခြေမြို့နယ်အတွင်း ဒေသခံများ၏နေအိမ်များကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဉ်။ ဓါတ်ပုံ-TT)

■ဒေသခံ ပြည်သူ​ထောင်ချီ ထွက်​ပြေးတိမ်း​ရှောင်​နေရ

ကဖေး/People’s Spring

မကွေးတိုင်း၊ ကမ္မမြို့မှ ဝင်‌ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းကမြစ်ခြေမြို့နယ်မှ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံ သုံး‌ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေကြသည်။

ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

“ညောင်ဦးဘက်ကလာတဲ့စစ်ကြောင်း၊ ပခုက္ကူ၁၀၁က လာတဲ့ စစ်ကြောင်းနဲ့ ကမ္မဘက်က စစ်ကြောင်းတွေ ပေါင်းပြီး ရွာတွေကိုဝင်နေတာ။ ရွာတွေဘက်ကဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်။ မြို့ပေါ်ကပြည်သူတွေအနေနဲ့တော့ တော်တော်လေးသတိထားဖို့လိုတယ်” ဟု မြစ်ခြေမြို့မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစစ်ကြောင်းသည် ဒီဇင်ဘာလ၂၄ရက်မှ ဇန်နဝါရီလ၂ရက်နေ့အထိ ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာ၊ မြစ်ခြေမြို့နယ်၊ အရှေ့စဘေ၊ အနောက်စဘေနှင့် အလယ်စဘေရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီလ၃ရက်နေ့အထိ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဟု ဒေသခံများကပြောသည်။

စစ်​ကောင်စီစစ်​ကြောင်းများ​ကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ သုံးထောင်ကျော်ရှိနေသည်ဟု သတင်းရရှိသည်။

မြစ်ခြေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမှတ်(၁)ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး ကလေးငယ်သုံးဦး အပါအဝင် ဒေသခံငါးဦးသေဆုံးခဲ့သည်။ လက်ရှိစစ်ကြောင်းထိုးနေစဉ်လည်း လက်နက်ကြီးများပစ်ခတ်မှုရှိနေ၍ ဒေသခံများ သတိထားနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တို့တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။

သတင်း

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

သတင်း

မိုးမောက်နှင့် ဒေါ့ဖုန်းယန်သို့ စစ်ရှောင်နေသည့် ဗန်းမော်ဒေသခံ ၁၅,၀၀၀ခန့်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေ

သတင်း

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

Facebook