close
Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၁ဦး ထပ်မံဖမ်းမိဟု CDF – အရှို အသိပေး

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးအား ယခု ဇန်နဝါရီအတွင်း ထပ်မံဖမ်းမိခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-အရှိုက ယနေ့ (ဇန်နဝါရီ ၅ရက်)တွင် သတင်းထုတ်ပြန်သည်။

အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား၁၁ဦး ဖမ်းမိပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CDF - အရှို

ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား ပိတ်ဆို့တားဆီးခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ဦးအား ယခု ဇန်နဝါရီအတွင်း ထပ်မံဖမ်းမိခဲ့သည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-အရှိုက ယနေ့ (ဇန်နဝါရီ ၅ရက်)တွင် သတင်းထုတ်ပြန်သည်။

“ဇန်နဝါရီ ၃ရက်နေ့နဲ့ ၄ရက်နေ့ နှစ်ရက်ခွဲပြီး ဖမ်းမိတာမျိုးပါဗျ။ နေရာတွေလည်းမတူကြဘူးပေါ့နော်။ ပြေးလာတဲ့နေရာတွေကတော့ အဲလိုမျိုးပေါ့။ ဒိအတိုင်းပဲ ခြေဦးတည့်ရာလျှောက်ပြေးလာတဲ့ စစ်ပြေးတွေကိုပဲ စကစဆီကလွတ်ရင်ပြီးရော မကွေးတိုင်းကိုရောက်ရင်ပြီးရော ပြေးလာကြတဲ့ဟာမျိုးကို ကျနော်တို့ကနေပြီးတော့ ကိုယ့်နယ်၊ ကျနော်တို့သွားလာနေတဲ့ တောတွင်းနေရာတွေမှာ စောင့်ပြီးတော့ ဖမ်းတာမျိုးပါ”ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

အာရက္ခတပ်တော်(AA)က အမ်းမြို့နယ်ကို ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ရာ အမ်းမြို့မှ စစ်ကောင်စီတပ်သားများ မကွေးတိုင်းသို့ ထွက်ပြေးခဲ့ရာ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) က တားဆီးဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃ရက်နှင့် ၄ရက်များတွင် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာအနီးရှိ စခန်းများမှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၁၁ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းများထံမှ လက်နက်ငယ် (၉)လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်း ရမိခဲ့ကြောင်းအသိပေးသည်။

ထို့ပြင် ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)သည် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမှတ်( ၁၄ ) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စေတုတ္တရာမြို့နယ်ဘက်သို ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာသော အင်အား ၅၀ဦးခန့်ပါ စစ်ကား(၂)စီးအား ငဖဲမြို့နယ် ညောင်ကိုင်း ကျေးရွာအနီးတွင် မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့( ပ.က.ဖ) တို့နှင့် ပူးပေါင်း၍ ဇန်နဝါရီ ၃ရက်နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီ ဘက်က တစ်ဦးသေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု အသိပေးသည်။

CDF အရှိုသည် ဒီဇင်ဘာနောက်ဆုံးအပတ်ကလည်း အမ်းမြို့သိမ်းတိုက်ပွဲမှပြေးလာသည့် စစ်ကောင်စီတပ်သားများအား ပိတ်ဆို့တားဆီးရာ လက်နက်ချသူများရှိခဲ့ပြီး ထွက်ပြေးသူ ၁၇ဦးကိုလည်း ဖမ်းမိခဲ့သည်။

ထိုစဥ်ကလည်း စစ်ကောင်စီတပ်၏ လက်နက်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်းများသိမ်းရခဲ့သည်ကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho )က ဒီဇင်ဘာ ၂၈ရက်က သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးမှ စစ်ကြောင်းပျက်ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၉၀ ခန့်ပါဝင်သောစစ်ကြောင်း ၂ ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် ပိတ်ဆို့တားဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အနန်းကွင်းဗျူဟာ၌ အင်အား ၂၀၀ ကျော်ကျန်ရှိနေပြီး ဆက်လက်ပိတ်ဆို့တိုက်ခိုက်နေဟုဆို

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအားပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ဟု မြင်းခြံခရိုင်အမှတ်(၈) တပ်ရင်းNatogyi Regional Defence Force (NRDF)က ယနေ့(ဒီဇင်ဘာ ၅ရက်) သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

Facebook