close
Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ခြောက်ဦးသေ၊ တစ်ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂ ရက်က မလှိုင်မြို့နယ်တိုက်ပွဲအတွင်း ဖမ်းဆီးနိုင်ခဲ့သော စစ်ကောင်စီတပ်သားနှင့် လက်နက်ခဲယမ်းများ တွေ့ရစဥ်။ ဓာတ်ပုံ - Guardains Of Malaing

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက်သုံးလက်လည်းရရှိခဲ့ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မလှိုင်မြို့နယ်ရှိ သုံးတောင်ကျေးရွာနှင့် သရက်ကောင်းပင်ကျေးရွာများရှိ စစ်ကောင်စီ အထိုင်ချတပ်စွဲထားသောနေရာများကို ဇန်နဝါရီ ၂ရက် နံနက် ၁၀နာရီတွင် တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်းဝင်‌ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သုံးတောင်ရွာနဲ့ သရက်ကောင်းပင်ရွာက မလှိုင်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ် အစပ်မှာရှိကြတာပါ၊ ရန်သူတွေ တပ်စွဲနေထိုင်ကြတာကတော့ တနှစ်ကျော်လောက်ရှိပါပြီ၊ ဒီတိုက်ပွဲက မလှိုင်မြို့နယ်အတွင်းမှာ ရန်သူကို အရှင်ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိတဲ့ ပထမဆုံးတိုက်ပွဲလို့ပြောရမှာဖြစ်ပါတယ်”ဟု မလှိုင်မြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ၁နာရီခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့သည့်အပြင် G-3 အမျိုးအစားသေနက် (၃)လက်နှင့် ခဲယမ်းများလည်းသိမ်းဆည်း ရခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သားခြောက်ဦး မျက်မြင်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း လည်း မလှိုင်မြို့နယ် ပကဖက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၈)၊ အမှတ်(၁၀)တပ်ရင်းများ၊ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း(MHLG – PDF)နှင့် နွားထိုးကြီးမြို့နယ် ပ.က.ဖ၊ မလှိုင်မြို့နယ် ပ.က.ဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန် ခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ် တပ်ဖွဲ့(FPF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကောလင်းမြို့ကို စစ်ကောင်စီပြန်လည်ထိန်းချုပ်သည့်နောက်ပိုင်း အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၀ဦးရှိလာပြီဖြစ်ပြီး နောက်ထပ်အလင်းဝင်လာမည့်သူများအား ကြိုဆိုကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၅ရင်းစုဖွဲ့ လေ့ကျင့်နေစဉ် ကာလအတွင်း စစ်ကောင်စီတပ်သား ၃ဦးအလင်းဝင်လာကြောင်း အဆိုပါ စုဖွဲ့မှုတွင်ပါဝင်သည့် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Facebook