close
Connect with us

Hi, what are you looking for?

သတင်း

နောင်မွန်ရွာ နှင့် လားရှိုးမြို့ဗုံးကြဲ ခံရမှုတွင် ပြည်သူ ၁ဦးဒဏ်ရာရပြီး အ​ဆောက်အအုံများပျက်စီး

စစ်ကောင်စီက စက်တင်ဘာ ၂၈ရက် မနက်အစောပိုင်းတွင် လားရှိုးမြို့နယ်၊ နောင်မွန်ရွာ နှင့် ညပိုင်းတွင် လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲရာ ​ဒေသခံအချို့ထိ့ခိုက်ဒဏ်ရာရကြောင်း ​ဒေသခံအချို့က ပြောသည်။

လားရှိုးမြို့ တွင် စက်တင်ဘာ ၂၈ ရက်ညက ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို ​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး FB

ဟန်နွေ/People’s Spring

စစ်ကောင်စီက စက်တင်ဘာ ၂၈ရက် မနက်အစောပိုင်းတွင် လားရှိုးမြို့နယ်၊ နောင်မွန်ရွာ နှင့် ညပိုင်းတွင် လားရှိုးမြို့ကို ထပ်မံ ဗုံးကြဲရာ ​ဒေသခံအချို့ထိ့ခိုက်ဒဏ်ရာရကြောင်း ​ဒေသခံအချို့က ပြောသည်။

စက်တင်ဘာ ၂၈ရက် မနက်အစော ၂ နာရီခွဲတွင် နောင်မွန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“နောင်မွန်ကျေးရွာမှာလည်း မနေ့က အစောပိုင်း ၂နာရီခွဲဝန်းကျင်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးက ခြေတစ်ဖက်ကျိုးသွားတယ်။ နေအိမ် လေးလုံးထက်မနည်း ထိခိုက်ပျက်စီးမှုလည်း ဖြစ်ခဲ့ပြီးသွားပြီ” ဟု ရှမ်းမြောက်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ထိုအပြင်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာ မိတ်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့်လားရှိုးမြို့ကိုလည်း ယမန်​နေ့(စက်တင်ဘာ ၂၈)ညတွင် ဗုံးကြဲရာ ရပ်ကွက်(၈) ရပ်ကွက်ရုံးနှင့် ရုံးအနီး ကားဝပ်ရှော့ပေါ် ဗုံးသီးကျရောက်ပေါက်ကွဲကာ အပျက်အစီးများပြားခဲ့သည်။သို့​သော်လူထိခိုက်​သေဆုံခြင်းမရှိ​ကြောင်း လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး ​ဖေစ်ဘွခ်စာမျက်နှာက အသိ​ပေးထားသည်။

စစ်ကောင်စီက လက်နက်အင်အား လူအင်အားအများဆုံး အခြေချထားသည့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည် စစ်ကောင်စီတပ်ပိုင်းဆိုင်ရာ အရာရှိများအကြား စိတ်ဓာတ်ကျဆုံးမှုဖြစ်စေခဲ့၍ ဂုဏ်သိက္ခာ အဖက်ဆည်ရန် တပ်မိသားစုများအကြား စိတ်ဓာတ်မြင့်တင်ရေး ပြန်လည်ပြုလုပ်နိုင်ရန် ရမခတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ပြန်တိုက်ယူရန် ကြိုးပမ်းနေကြောင်း ဦးဇော်ဆန်ကသုံးသပ်သည်။

“အခု ရက်ပိုင်းအတွင်း အရပ်သား ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမြို့တွေထဲမှာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကို ထပ်လောင်းပြီး အကြိမ်ကြိမ် အကြိမ်ပေါင်းများစွာ ထပ်တလဲလဲကျူးလွန်နေတယ်လို့ပဲမြင်တယ်။” ဟုလည်း ဦးဇော်ဆန်ကပြောသည်။

ထိုသို့ တိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းနေသည့် မင်းအောင်လှိုင်အပါအဝင် ပူးပေါင်းနေသည့် စစ်ကောင်စီ အရာရှိအားလုံး တာဝန်ယူတာဝန်ခံရမည်ဟုယူဆကြောင်းလည်း ၎င်း ကပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)က စက်တင်ဘာ ၂၈ ရက်ည လေကြောင်း တိုက်ခိုက်ခံရမှု အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း စက်တင်ဘာ ၂၈ရက် နံနက် ၂နာရီခွဲ နောင်မွန်ရွာ တိုက်ခိုက်ခံရမှု အတွင်း အရပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ဟု အသိပေးထားသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၇ရက်က လားရှိုးမြို့အား လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၂ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့သည်။ဩဂုတ်လကုန်မှ စက်တင်ဘာ ၂၇ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ၇ကြိမ် ပြုလုပ်ဆောင်ခဲ့ရာ စုစုပေါင်း အရပ်သား ၃ဦး သေဆုံးခဲ့ပြီး ၃၈ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့(စစ်တင်ဘာလ ၂၈ရက်)ညက လေကြောင်းမှဗုံးကြဲမှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားပြင်အလုပ်ရုံနှင့်နေအိမ်အဆောက်အအုံပျက်စီးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(စက်တင်ဘာ ၂စ)မနက်တွင် သိမ်းပိုက်ခဲ့ဟု စစ်​​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စစ်တင်ဘာလ ၂၈ရက်)ည ၈နာရီ ၃၄ မျနစ်၌ လေကြောင်းမှ ထပ်မံ ဗုံးကြဲရာထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းနှင့် နိုင်ငံတကာကိုလှည့်စားရန် ကြံစည်ဆောင်ရွက်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ထပ်လောင်းကြေညာသည်။

Facebook