close
Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ​ရေးနည်းလမ်းဖြင့်​ဆွေး​နွေးရန်ဆိုကာဖိတ်​ခေါ်ပြီး နာရီပိုင်းအကြာတွင် စစ်​ကောင်စီက လားရှိုမြို့ကို ဗုံးထပ်ကြဲ

ပြည်သူအချို့သေဆုံးထိခိုက်မှုရှိ

လားရှိုးမြို့တွင် စက်တင်ဘာ ၂၇ ရက်နံနက်အ​စောဗုံးကြဲခံရပြီ​နောက်မြင်ကွင်း။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

စစ်​ကောင်စီက ​တော်လှန်​ရေးအဖွဲ့များကို နိုင်ငံ​ရေးနည်းလမ်းဖြင့် ​ဆွေး​နွေးရန် ကမ်းလှမ်း​ကြောင်း ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင် စစ်​ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၂၇ရက်) မနက်အစောပိုင်း၌လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စက်တင်ဘာ မနက် ၃နာရီ ခွဲခန့်မှစ၍ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ရပ်ကွက်(၁) ပြည်သူ့ဆေးရုံရှေ့ရှိမြို့မစျေး အပါအဝင် အရပ်သား ပြည်သူနေအိမ်များ ထိမှန်ကာ အထိအခိုက် ပျက်စီးမှုများပြားခဲ့သည်ဟုသိရသည်။

“လောလောဆယ်တော့ ရပ်ကွပ်(၁) နယ်မြေ(၈)ထဲက အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ သတင်းရရှိထားတယ်။ ဒဏ်ရာရရှိတဲ့သူတွေများတယ်လို့ ပြောတယ် အတိအကျတော့ မသိသေးဘူး။ဒီနေ့မနက် ကျရောက်တဲ့နေရာက အဓိက အရပ်သား ပြည်သူလူထုတွေရှိတဲ့နေရာပဲဖြစ်နေတယ်။ဒါကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ သိသိကြီးနဲ့ ဆက်လက်ပြီးတော့ အရပ်သား ပြည်သူလူထုတွေရှိတဲ့နေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်တယ် နိုင်ငံတကာ

Public Service Announcement

Public Service Announcement

စစ်ရာဇဝတ်မှုကို လည်း ထပ်လောင်းပြီးတော့ ကျူးလွန်တယ်လို့ ကျနော်တို့က အဲဒီလို ရှုမြင်တယ်။” ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စက်တင်ဘာ ၂၄ရက် နှင့် စက်တင်ဘာ ၂၅ရက် မနက်အစောပိုင်းများတွင်လည်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိ အခြေအနေ မှာ ရှမ်းမြောက်ပြည်သူများအနေဖြင့် ခိုကိုးရာမဲ့ အခြေအနေ ရင်ဆိုင်နေရကြောင်း ဒေသခံက ပြောသည်။

“ ဒါတွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကုလသမဂ္ဂအပါအဝင်ပေါ့ဒါတွေအားလုံးက တိတ်ဆိတ်နေတာ ဝမ်းနည်းဖို့ကောင်းတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်ကာ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့ရွာများကို ယခု စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများ တိုးလုပ်ခဲ့ရာ ယခုလအတွင်း ပြည်သူ ရာချီသေဆုံးခဲ့ရသည်။ စက်တင်ဘာ ၂၆ ရက်နေ့ကပင် ရက္ခိုင်ပြည်နယ် သံတွဲမြို့ရှိ စစ်ရှောင်များ ခိုလှုံရာနေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၁၄ဦးထက်မနည်းသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့သည်။

တဖက်တွင်စစ်​ကောင်စီက ​တော်လှန်​ရေးအဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များရပ်တန့်ပြီး နိုင်ငံ​ရေးပြသာနာကို နိုင်ငံ​ရေးနည်းလမ်းဖြင့်​ဖြေရှင်းရန်ကမ်းလှမ်းသည်ဆိုကာ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ထိုသို့ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင် စစ်​ကောင်စီက MNDAA သိမ်းပိုက်ထိန်းချုပ်ထား​သော လားရှိုးမြို့ကို ဗုံးထပ်ကြဲခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူနှစ်ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်အစိုးရ အကြိုက်တွေ့နိုင်ဖွယ်ရှိသည့် စကားလုံးများဖြင့် အချက်အလက်အမှားများ ပြည့်နှက်နေသော ဝါဒဖြန့်စာ သုံးစောင်ကို ၎င်း၏သြဇာခံ မီဒီယာအချို့မှတဆင့် စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင်ထုတ်ပြန်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဥ် ဒေါ်လာသန်း ၂၀၀ ခန့် ရရှိနေကြောင်း...

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ဘေး ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ် အစုအဖွဲ့များ က တိုက်တွန်းလိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

Facebook