close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်နေသည့် ရန်ကုန်သပိတ်အင်အားစုများမှ ရဲဘော်လေးဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တကသ ကျောင်းသားဟောင်းများအင်အားစုက အသိပေးသည်။

သပိတ်ရဲဘော်လေးဦးကို စက်တင်ဘာ ၁၉ရက် ညနေနောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အတည်ပြုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသူများမှာ တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ဖြစ်ကြောင်း အထက်ပါအဖွဲ့ကအသိပေးထားသည်။

“ရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ ဖြင့် စစ်ကြောမေးမြန်းခံနေရပါသည်။ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်ပါသည်။ “ဟု တကသ ကျောင်းသားဟောင်းများ အင်အားစု၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ရဲဘော်လေးဦးကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီအရေးတို့အတွက် စစ်အာဏာရှင်ကို လူထုတိုက်ပွဲနည်းလမ်းဖြင့် ပြောင်မြောက်ရဲရင့်စွာ အံတုခဲ့ကြသည့် အရေးတော်ပုံတပ်သားများအဖြစ် မှတ်တမ်းတင်ထားပြီး ဖမ်းဆီးခံရသည့် ရဲဘော်များအတွက်ပါပေါင်း၍ အာဏာရှင်စနစ်ပျက်စီးရေးအတွက်ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်တစ်နေရာတွင် တော်လှန်လူငယ်များက ကုန်စျေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ကာ ယနေ့ (စက်တင်ဘာ ၁၉) ညပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

သတင်း

ရခိုင်ပြည်နယ်တွင် ယ​နေ့(စက်တင်ဘာ ၃)မှစ၍ သုံးရက်ဆက်မိုးကြီးနိုင်ပြီး လတ်တလောရာသီဥတုအခြေအနေအရ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရေဘေးအန္တရာယ်ကြီးမားနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(MOHADM)က သတိပေးသည်။

သတင်း

ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် သပိတ်အင်အားစုမှ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (စက်တင်ဘာ ၉) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် စက်တင်ဘာလ ၆ရက် က ရန်ကုန်မြို့ ၊ မြို့နယ်အများစုမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Facebook