close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၁) ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၁) ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက “China:Stop Killing Myanmar People by Supporting Fascist Criminals” စာတန်းကိုင်ကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို စစ်ကောင်စီရဲ့ အခြေခံစီးပွားရေးအရင်းအမြစ်နဲ့ ထောက်တိုင်တွေကို လူထုအားနဲ့ ဆက်လက်ဖြိုချကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ ‘ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ဆိုတဲ့ စာသားပါဘန်နာကိုင်ဆွဲပြီး လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၃၁) အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်မှ ခုနစ်ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းအချို့ရ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၃၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုဦးဆောင်အဖွဲ့ဝင်တစ်ဦး စစ်ကိုင်းတိုင်းတစ်နေရာ၌ လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။