close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ရှိ MAI ရုံးခွဲ စပိတ်

မန္တလေးမြို့လယ်၌ ဖွင့်လှစ်ထားသည့် MAI ရုံးခွဲ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။

၂၀၁၉ သြဂုတ် ၇ ရက်တွင် MAI နှင့် Air KBZ မန္တ​လေးရုံးခွဲဖွင့်လှစ်စဥ်။ဓါတ်ပုံ-MAI

အင်ကြင်း၊​စော​နွေဦး /People’s Spring

မန္တလေးမြို့လယ်၌ ဖွင့်လှစ်ထားသည့် MAI ရုံးခွဲ စက်တင်ဘာ ၁ ရက်နေ့မှစတင်၍ ပိတ်သိမ်းထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့လယ်၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား၊ ဟေမာဇလရပ်၌ ဖွင့်လှစ်ထားသော MAI လေကြောင်းရုံးခွဲအား စက်တင်ဘာ ၁ ရက်မှစတင်၍ ပိတ်သိမ်းထားမည်ဟု MAI လုပ်ငန်းက ကြိုတင်အသိပေး​ကြေညာခဲ့သည်။ ထိုရုံးခွဲကို ၂၀၁၉ သြဂုတ် ၇ ရက်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တိုက်ပွဲများနီးကပ်လာ၍ MAI ရုံးခန်းပိတ်သိမ်းခြင်းဖြစ်မည်ဟု မြို့ခံများက ယူဆ​နေကြသည်။

“သူတို့နေရာက တပ်နဲ့လည်းနီးတော့ ပိတ်လိုက်တာဖြစ်မယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

သို့သော် အွန်လိုင်းအရောင်းများနှင့် ကိုယ်စားလှယ်များကြောင့် မန္တလေး ရုံးခွဲ ပိတ်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသကဲ့သို့ လုံးဝမဟုတ်ဟု MAI က ငြင်းဆိုသည်။

လူမှုကွန်ယက်မီဒီယာများတွင် မန္တ​လေးမြို့၌ တိုက်ပွဲများဖြစ်လာနိုင်၍ ပိတ်ခြင်းဖြစ်မည်ဟု​ပြောနေကြခြင်းဖြစ်သည်။

ရုံးခွဲပိတ်လိုက်သော်လည်း လက်ရှိတွင် MAI လေယာဥ်လက်မှတ်များအား ပုံမှန်အတိုင်း ရောင်းချပေးနေဆဲဖြစ်ကြောင်း မန္တလေးမြို့မှ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်အချို့က ပြောသည်။

MAIသည် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်မူ လက်မှတ်ရောင်းချရေးရုံးကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးသွားမည်ဟု ဆိုပြန်သည်။

လေကြောင်းလိုင်း ရုံးခွဲမှ ဝန်ထမ်းများက မနေရဲတော့သဖြင့်ရုံး ပိတ်လိုက်ခြင်းဖြစ်ပြီးလေကြောင်းလိုင်းမှာ ဆက်လက်ပျံသန်းပြေးဆွဲနေဆဲဖြစ်​ကြောင်း လေကြောင်းလိုင်း People’s Spring ကစုံစမ်းသိရသည်။

MAI ​လေ​ကြောင်းလိုင်းနှင့် Air KBZ ​လေ​ကြောင်းလိုင်းတို့သည် ခရိုနီ ဦး​အောင်ကိုဝင်း၏ က​မ္ဘောဇကုမ္ပဏီအုပ်စုက ပိုင်ဆိုင်ပြီး ၊ ထို​လေ​ကြောင်းလိုင်းနှစ်လိုင်း၏ စီမံခန့်ခွဲမှု ကို အခြားခရိုနီတဦးဖြစ်​​သော ဦး​အောင်​အောင်​ဇော် ၏ 24 Hour Group က လုပ်ကိုင်​နေခြင်းဖြစ်သည်။စစ်အုပ်စုအတွက် ATR ​လေ​ယာဥ်များပျံသန်းနိုင်ရန် ကူညီ​ပေး​နေ​သော ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများတွင် 24 Hour Group လည်းပါဝင်ပြီး နိုင်ငံတကာက ဒဏ်ခပ်အ​ရေးယူရန် Justice For Myanmar (JFM)က သြဂုတ် ၂၉ ရက်တွင်ထုတ်ပြန်ထားသည်။

မန္တလေးမြို့သည် တိုက်ပွဲများနှင့်နီးကပ်လာပြီး မန္တလေးစည်ပင်နယ်နမိတ်ဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၌ပင် တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သည်။ ပြည်သူ့ကာကွယ်​​ရေးတပ်မ​တော် (မန္တလေး) က မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်တစ်မြို့နယ်လုံး၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ထားသည့်အပြင် မန္တလေးနှင့်အနီးဆုံး မတ္တရာမြို့နယ်အတွင်း၌ တပ်စခန်း ၃၅ ခုအား သိမ်းပိုက်ထားသည်။

ထို့အပြင် မန္တလေးနှင့် နေပြည်တော်ခရီး အလှမ်းမဝေးတော့ဟု မန္တလေး PDF သတိပေးထားသည်။

သြဂုတ်လ နောက်ဆုံးပတ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်မန္တလေးမြို့သို့လာရောက်စဥ် ၎င်းအောက်ခံခရိုင်အဆင့်ဝန်ထမ်းများအား လုံခြုံရေးသတိပြုရန် မှာကြားသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးအနီး ပြီးခဲ့တဲ့ ရက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ တားဆီးစစ်ဆေးချိန် ဆိုင်ကယ်တိမ်းမှောက်ပြီး လူငယ် ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

သတင်း

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့ မတိုက်ခံရအောင် မျိုးချစ်အမည်ခံ စစ်ကောင်စီလက်ဝေခံအင်အားစုတွေက ဒီနေ့မှာ ဆန္ဒပြခဲ့တာရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် အဓမ္မ လိုက်လံခေါ်ဆောင်တာတွေ အခုရက်ပိုင်းမှာ ပြုလုပ်လာတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

သတင်း

မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး မြို့လယ်ခေါင်လူစည်ကားနေရာများတွင်ပါ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။