Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၂၄) အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၂၄) အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနဲ့ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ကလေးလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

အမှတ်(၁) စစ်​ဒေသ​ဦး​ဆောင်မှုဖြင့်ဖော်​ဆောင်​နေ​သောမြို့သိမ်းတိုက်ပွဲများတွင် PDF၊ပကဖ အင်အား​ထောင်ချီ ပါဝင် ဆင်နွှဲ​နေ

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ် အဖွဲ့တွေ၊ဒေသခံပြည်သူတွေက စစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၂) အသီးသီးဆန္ဒပြခဲ့ပါတယ်။

သတင်း

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်