Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်တို့ ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်အလိုမရှိကြောင်း၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက “China:Stop Killing Myanmar People by Supporting Fascist Criminals” စာတန်းကိုင်ကာ ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှာလည်း သပိတ်အင်အားစုက တော်လှန်ဇာတ်ကားတွေ ပြသပြီး တောင်ကိုးရီးယားနိုင်ငံမှ ဒယ်ဂူးဘုန်းဘုန်း၊ ကိုပေါက်၊ မပိုင်ဖြိုးသု၊ ရှိခဲ့သည် ဇာတ်ကားမှ ဒါရိုက်တောင် ကိုဂိဒေါင် တို့က အညာပြည်သူလူထုနဲ့ တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီကနေ ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ အခြေခံစီးပွားရေးအရင်းအမြစ်နဲ့ ထောက်တိုင်တွေကို ဖြိုချနိုင်ရေး စည်းရုံးဟောပြောတာအပါအဝင် တော်လှန်ရေးရုပ်ရှင်ပြသတဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ မြိုင်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

သတင်း

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ သပိတ် အဖွဲ့တွေ၊ဒေသခံပြည်သူတွေက စစ် အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၂) အသီးသီးဆန္ဒပြခဲ့ပါတယ်။

သတင်း

အင်းတော်၊ ထီးချိုင့် ၊ ပင်လယ်ဘူးဒေသများ၌ တိုက်ပွဲပြင်းထန်

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဒီကနေ့ (သြဂုတ် ၂၁) အသီးသီး ပြုလုပ်ခဲ့ပါတယ်။