Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အနန်းကွင်းဗျုဟာမကျဖို့ စစ်ကောင်စီခုခံနေ

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ် က အနန်းကွင်း ရွာ အခြေစိုက်တဲ့ဗျုဟာ စခန်းကို လက်မလွှတ်ရဖို့ စစ်ကောင်စီဟာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး သုံးပြီး အပြင်းအထန် ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

အနန်းကွင်းဗျုဟာစခန်းဟာ KNU တပ်မဟာ (၆ )စစ်ရေးလှုပ်ရှားရာနယ်မြေမှာရှိပြီး သြဂုတ်လ ဒုတိယပတ်ကစတင်ကာ KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေက ဝန်းရံ ပိတ်ဆို့တိုက်ခိုက်နေတာပါ။

Public Service Announcement

Public Service Announcement

အဲဒီစခန်းဟာ မွန်ပြည်နယ် ၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဗျုဟာ စခန်းဖြစ်ပြီး ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းကိုစိုးမိုးထားတဲ့ စခန်းဖြစ်ပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် KNU ဦးစီးတဲ့ ပူးပေါင်းတပ်က အနန်းကွင်း ဗျုဟာကို တိုက်ခိုက်နေတာပါ။

စစ်ကောင်စီကလည်း ဗျုဟာ စခန်း လက်မလွှတ်ရဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အဆက်မပြတ် ပြုလုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီနေ့မှာသြဂုတ်လ ၂၄ ရက်မှာဆိုရင် အနန်းကွင်းရွာအနီးက လွတ်ရှမ်းရွာ ဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ လွတ်ရှမ်းရွာမှာလည်းစစ်ကောင်စီက နေရာယူတပ်စွဲထားတာ ရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးဒဏ်ကြောင့် လွတ်ရှမ်းရွာကဘုန်းကြီးကျောင်းနဲ့ နေအိမ် တွေ ထိမှန်ပျက်စီးသလို အနန်းကွင်းရွာမှာလည်း တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရပြီး ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“ရွာတွေ တရွာမှမရှိတော့ဘူး ပြာကျကုန်ပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အနန်းကွင်းဒေသ စစ်ရေးအခြေအနေတွေကြောင့် အနန်းကွင်းနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားရသလို ဘုရားသုံးဆူ-သံဖြူရပ်၊ ဘုရားသုံးဆူ-ခလယ်တံခွန်တိုင်-မုဒုံ ကားလမ်းပိုင်းတွေမှာ သွားလာရေး ခက်ခဲနေကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး အတွက်စစ်ရေးလှုပ်ရှားနေကြောင်း အသိပေး

သတင်း

စစ်ကောင်စီရုံးအခြေစိုက်ရာ နေပြည်တော်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ကုန်တိုက်များအပြင် နေအိမ်အများအပြား ရေဝင်ရောက်နေ၍ ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်တွေကို တုံ့ပြန်ဖို့အတွက် ရိုဟင်ဂျာ လက်နက်ကိုင် အာဆာ အဖွဲ့ (ARSA) နဲ့ ပူးပေါင်းခဲ့ကြောင်း တပ်အရာရှိ တစ်ဦးက အတည်ပြု ဝန်ခံခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။