Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တေလးနန်းတွင်းအနီး စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးမြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့် နန်းတွင်းအနီး၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့် နန်းတွင်းအနီး၌ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယနေ့(ဩဂုတ် ၆ ရက်) နံနက် ၇နာရီခွဲခန့်က မန္တလေးမြို့၊အောင်မြေသာစံမြို့ နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈လမ်းနှင့် ၈၂လမ်းထောင့်တွင် မေဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြိုးသန္တာအောင်နှင့် ၎င်း၏ညီမဖြစ်သူ ခင်ဖုန်းဆုတို့နှစ်ဦး စျေးဝယ်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ရာနေရာသည် စစ်ကောင်စီတပ်စွဲရာ နန်းတွင်းနှင့် နှစ်ပြအကွာအဝေးတွင်ရှိပြီး စစ်ကောင်စီဂိတ်များ၊ ကင်းများနှင့် မနီးမဝေးတွင် တည်ရှိသည်။ အစ်မဖြစ်သူ အုပ်ချုပ်ရေးမှူးမှာ ကားပေါ်ထိုင်နေစဥ်ပစ်ခတ်ခံရပြီး ၎င်း၏ညီမမှာ စျေးဝယ်ရင်း ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက စစ်မှုထမ်းဖို့လူတော်တော်စုပေးတယ် ပြောတယ်။”ဟု မြို့ခံတစ်ဦးက ဆိုသည်။

ပစ်ခတ်ခံရသည့် အုပ်ချုပ်ေရးမှူးသည် ၂၀၂၁ အာဏာသိမ်းချိန် ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်ကြချိန် ၎င်းက အုပ်ချုပ်ရေးမှူးရာထူးယူပြီး ပြည်သူများကို ဒုက္ခပေးနေသူများဖြစ်ကြောင်း Voice of Mandalay က ရေးသားထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က စျေးဝန်းကျင်နှင့် လမ်းတလျှောက် စစ်ဆေးတင်းကြပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ