Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၅) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က အထင်ကရနေရာအချို့မှာ မုံရွာပင်မသပိတ်ကရဲဘော်တွေဦးဆောင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သပိတ်ရဲဘော်တွေက “လူထုတိုက်ပွဲတွေ ပြန်လည်ဖော်ဆောင်ကြ” ၊ “၁၀၂၇ စစ်ဆင်ရေးလှိုင်းတွေကို လူထုလှိုင်းတွေနဲ့ ကြိုဆိုကြ” ၊ “မုံရွာကကွယ် ခိုင်မာတယ် မုံရွာသမိုင်း မရိုင်းစေနဲ့” ၊ မတရားတဲ့ စစ်အာဏာတွေ ဖီဆန်ဖို့ မုံရွာသပိတ်ပြန်လာပြီ” ၊ “ဘူးသပိတ်ဆင်နွှဲ ဖက်ဆီဖြိုလှဲ” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလူထုလှုပ်ရှားမှုကို စစ်ကောင်စီက အဖမ်းအဆီး အစစ်အဆေးတွေ လုပ်ဆောင်နေတဲ့ မုံရွာမြို့ပေါ်ရှိ ကန်သာယာစျေး၊ ကန်သာယာ၊ ဇောတိကမီးပွိုင့်၊ မြင်းမူလမ်း၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ ကျောက္ကာလမ်း၊ ဘူတာအနီးတဝိုက်နေရာတို့မှာ အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း မုံရွာပင်မသပိတ်က ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်း၊ ရွှေဥက္ကံ လူထုသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ လူငယ့်အားမာန်သပိတ်၊ မုံရွာပင်မသပိတ်

ဆက်စပ်သတင်းများ