Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲတိုက်ပွဲ စစ်ကောင်စီ လေကြောင်းပစ်ကူများဖြင့် ခုခံ၊ နောင်ချိုကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

တအာင်းတပ်မတော်(TNLA) မဟာမိတ်တပ်များက ထိုးစစ်ဆင်လျက်ရှိသည့် ကျောက်မဲမြို့ တိုက်ပွဲမှာ ယနေ့ (ဩဂုတ် ၅ရက်) ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်မှုအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) မဟာမိတ်တပ်များက ထိုးစစ်ဆင်လျက်ရှိသည့် ကျောက်မဲမြို့ တိုက်ပွဲမှာ ယနေ့ (ဩဂုတ် ၅ရက်) ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်မှုအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၄၂ရက်မြောက် ဩဂုတ် ၅ရက် စစ်ရေးအခြေအနေကို အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ-၁၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းအား ယနေ့ နံနက်တွင် TNLAက တိုက်ခိုက်ခဲ့ရာ စခန်းကုန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y12 ဖြင့် ဗုံး (၉၆)လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ Y12 ဖြင့် ဗုံးနှစ်လုံး နှင့် Jet Fighter ဖြင့် လေးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခင်ရက်များကလည်း ကျောက်မဲမြို့သို့ လေကြောင်းမှ လက်နက်ခဲယမ်းများ ချပေးပြီး လက်နက်ခဲယမ်းဖြည့်တင်းထားသည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော်(TNLA) သိမ်းထားသည့် နောင်ချိုမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ကို လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့တွင် စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ် ကန်ကြီးကျေးရွာသို့ Jet Fighter ဖြင့် သုံးကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ကွတ်ခိုင်မြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ Jet Fighter ဖြင့် ဗုံး (၇)လုံး ပြည်သူလူထုများကို ဦးတည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ငါးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ အထိနာနေ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကွတ်ခိုင်၊ သိန္နီနှင့် လောက်ကိုင်မြို့များကို လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ