Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထန်တလန် ခလရ(၂၆၉)တပ်စခန်းကုန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများ

ချင်းပြည်နယ် ထန်တလန်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၂၆၉) အထိုင်တပ်စခန်းကုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါ တပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ ဓာတ်ပုံကို ချင်းဒေသ အခြေစိုက် မီဒီယာများက ဖော်ပြသည်။

ဓာတ်ပုံ - The Chin Journal

ထားမြတ်/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၂၆၉) အထိုင်တပ်စခန်းကုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ယနေ့မနက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါ တပ်စခန်းမှ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ ဓာတ်ပုံကို ချင်းဒေသ အခြေစိုက် မီဒီယာများက ဖော်ပြသည်။

ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ထန်တလန် စခန်းကုန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များ ခဲယမ်း ၊ ကျည်များစွာ သိမ်းပိုက်ရရှိခဲ့သည်ကို မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည်။

Public Service Announcement

Public Service Announcement

ထန်တလန်မြို့ စစ်ကောင်စီတပ်ကုန်း တိုက်ပွဲမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောထားသည်။

” ခလရ(၂၆၉) အထိုင်တပ်ကုန်းကိုတော့ အပြီးသိမ်းလိုက်တယ်။ ဒါပေမဲ့ ထန်တလန် တမြို့လုံးက စစ်ကောင်စီ ကင်းစင်သွားပြီလို့ အတက်ပြောလို့မရသေးဘူး။ အဲဒီအနီးအနားမှာ ရှိတဲ့ သူတို့ မြို့ထဲမှာ တိုက်အိမ်တွေမှာ ခိုလှုံနေတဲ့ နှစ်နေရာလောက်တော့ ကျန်သေးတာပေါ့။ အဲဒါတွေကို ဆက်လက်ပြီးတော့ ရှင်းလင်းရေးနဲ့ ချေမှုန်းရေးလုပ်နေတာပေါ့”ဟု ဆလိုင်းထက်နီက ယနေ့မနက်တွင် လူထုနွေဦးသို့ပြောသည်။

ချင်းပူးပေါင်းတပ်သည် ထန်တလန်မြို့ သိမ်းပိုက်နိုင်ရေး စစ်ဆင်မှုကို ဇူလိုင် ၂၂ရက်မှစတင်ခဲ့ခြင်းဖြစ်သည်။ ဟားခါးမှ စစ်ကူများ ထန်တလန်သို့ မလာနိုင်စေရန် ထန်တလန်- ဟားခါးကြား ရှိ စစ်ကောင်စီတပ်များကိုဦးစွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခု ဩဂုတ်လဆန်းတွင် ထန်တလန်မြို့တွင်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ သုံးရက်မြောက်နေ့ ဩဂုတ် ၅ရက်တွင် စခန်းကုန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – The Chin Jouranl

ဆက်စပ်သတင်းများ