ဆဏ်း / People’s Spring
အသက်လေးဆယ်ပြည့်မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ကို Music Video နဲ့အတူ တင်ပေးသွားဖို့ရှိတယ်လို့ တော်လှန်အနုပညာရှင် ချစ်သုဝေက အသိပေးထားပါတယ်။
“Treza ဒီနှစ်ပိုင်းဖြတ်သန်းခဲ့ရတာတွေ သီချင်း တပုဒ် နဲ့ပြောပြချင်ပါတယ်။ ရင်ဘတ်နဲ့ နားထောင်ပေးပါလို့” ဩဂုတ် ၁၀ ရက်မွေးနေ့ရှင် ချစ်သုဝေက ပြောထားပါတယ်။

Public Service Announcement
သီချင်းရဲ့နာမည်က “Macra’me” မက်ခရာမီ ဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ဒန်နီရယ်က ရေးပေးထားတာလို့ ဆိုပါတယ်။
“ကိုယ့် native မဟုတ်တဲ့ English လို စာသားတွေမို့ ကိုယ့်အတွက် come back လေးက အမှတ်တရဖြစ်တယ်။ဒီအသက် ၄၀ မှာ ထုတ်ဖြစ်အောင်ထုတ်မယ်ဆိုပြီး ကြိုးစားထားတာပဲ” လို့ ချစ်သုဝေကပြောပါတယ်။
မွေးနေ့နားနီးမှ Music Video လည်းထွက်ချင်တာကြောင့် အနီးနားကမိသားစုတွေက ကူညီပေးကြတယ်လို့ ချစ်သုဝေကပြောထားပါတယ်။
“တချို့အနားကလူတွေမရှိတော့ပေမယ့် ဘယ်လောက်တွေဝေးဝေးနီးနီး ရင်ဘတ်တွေနီးရသူတွေက ကိုယ့်ကို ဂရုစိုက်ပေး ပျော်စေချင်ကြသူတွေ ကိုယ့်အနား များများလာတာ ဒီ 40 ရဲ့ Blessingအကြီးကြီးမို့ နေ့ရက်တိုင်း ပျော်ရွှင်စွာဖြတ်သန်းရမယ်တွေးမိတယ်။” လို့ ဆိုပါတယ်။
