သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၂၅)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မြင်းမူလူငယ်တွေ လက်တွဲကာ နွေဦးရုပ်ရှင်ပြပွဲနဲ့ စစ်ဘေးအန္တရာယ်ကာကွယ်ရေးအတွက် ဆောင်ရန် ၊ ရှောင်ရန်၊ ပြင်ဆင်ဆောင်ရွက်ရန်တွေကို အသိပညာပေး လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement




ဒါ့အပြင် ကျေးရွာလူထုက တော်လှန်ရေးသီချင်းတွေကို သံပြိုင်သီဆိုခဲ့ကြပြီး ရွာလူထုလုံခြုံရေးအတွက် ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မှာလည်း ကယ်တင်ရှင်မရှာတို့ကျေးရွာ သပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့်အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ မုံရွာလူထုသပိတ်
