Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး

ကော်သူးလေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဆက်လက်ပြီး ပိုမိုလုပ်ဆောင်သွားရန်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ရည်ရွယ်ချက်ရှိသည်ဟု ပဒိုစောကလယ်စေးက ပြောသည်။

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး
ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာသင်ကြားပို့ချသည့် ကော်သူးလေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဆောင်ရွက်ခဲ့သည်။

ကရင်အမျိုးသားတို့၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရန်နှင့် ကိုယ့်ဒေသကိုယ့်နယ်မြေအတွင်းတွင် ကောင်းမွန်သည့်အုပ်ချုပ်ရေးတစ်ခုကို ကိုယ်တိုင်ဦးဆောင်လုပ်ဆောင်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး
ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး

” တစ်နေ့တစ်ချိန်မှာ ကျွန်တော်တို့က တန်းတူအခွင့်အရေးဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိခဲ့မယ်ဆိုရင် မိမိရဲ့ဒေသ မိမိရဲ့နယ်မြေထဲမှာ အုပ်ချုပ်နိုင်အောင်လို့ ကျွန်တော်တို့ကနေ အဓိကထားပြီးတော့ စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေကို ကျွန်တော်တို့ကြိုတင်ပြီးတော့မှပဲ စီစဉ်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ တစ်နေ့တစ်ချိန်မှာလည်းပဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေးတစ်ခုကို ကိုယ်ကိုယ်တိုင်ဦးဆောင်နိုင်ဖို့ ကိုယ်ကိုယ်တိုင်လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ အတွေးအခေါ်နဲ့ပေါ့” ဟု ပဒိုစောကလယ်စေးက ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေအုပ်ချုပ်လုပ်ငန်းများ ပိုမိုကောင်မွန်လာရေးနှင့် လိုအပ်သောစွမ်းရည်မြှင့်တင်ဖြည့်တင်းရန် ရည်ရွယ်၍ ကေအဲန်ယူနှင့် School of Governance and Public Administration (SGPA) တို့ ပူးပေါင်းပြီး ခေါင်းဆောင်မှု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းကို ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်တွင် ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး
ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး

ယင်းသင်တန်းတွင် တောအူး(တောင်ငူ)၊ ခလယ်လွီထူ(ညောင်လေးပင်)၊ မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာအရာရှိများ စုစုပေါင်း(၃၂)ဦး တက်ရောက်ခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေးနှင့် သဘာ၀သယံဇာတဆိုင်ရာစီမံအုပ်ချုပ်ရေး၊ တရားရေးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေး စသည့် အဓိကခေါင်းစဥ်ခွဲ (၄) ရပ်ကို လေ့လာသင်ယူခဲ့ကြသည်ဟု ကေအဲန်ယူ-ဗဟိုက သတင်းထုတ်ပြန်ထားသည်။

“လက်တွေ့မြေပြင်အခြေအနေ၊ စိန်ခေါ်မှုများ၊ မျှော်မှန်းချက်များနှင့်လည်းချိန်ထိုး၍ ဆွေးနွေးမှုများ၊ အဖြေရှာမှုများလည်း ပြုလုပ်ခဲ့ကြသည်” ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် မေလက ကျင်းပပြီးစီးခဲ့သည့် ကေအဲန်ယူ၏ (၁၇)ကြိမ်မြောက် ကွန်ကရက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ်(၂၁)ချက်တွင်လည်း အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ စီမံခန့်ခွဲရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ ချမှဆောင်ရွက်ရေးတို့ ပါဝင်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ပြောဆိုထားသည်။

ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး
ကရင်လူငယ်ခေါင်းဆောင်များကို ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးဆိုင်ရာသင်တန်းများ စပေး

ကော်သူးလေအုပ်ချုပ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို ဆက်လက်ပြီး ပိုမိုလုပ်ဆောင်သွားရန်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ရည်ရွယ်ချက်ရှိသည်ဟု ပဒိုစောကလယ်စေးက ပြောသည်။

“ကရင်အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက်ဆိုရင် ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့နယ်မြေဒေသတွေ စီမံခန့်ခွဲနိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ခုနပြောတဲ့ ရည်ရွယ်ချက်ရှိတဲ့အပေါ်မှာပဲ ကရင်တမျိုးသားလုံး အဓိကအားဖြင့် လူငယ်ပိုင်းကို ကျွန်တော်တို့ပိုပြီးပိုပြီး စီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်မြှင့်သင်တန်းတွေ ပိုပြီးလုပ်ဆောင်ဖို့လည်း ကျွန်တော်တို့ရည်ရွယ်ချက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။