Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊ စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ

စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်အားရင်းအား မတ်လ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ မှ စ၍ KNDF B (03) ၊ ဖယ်ခုံ PDF တပ် ရင်း (၂) ၊ အလယ်ပိုင်းတိုင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ
ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ

▪︎ကရင်နီတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး ပြည်သူ ၃ ဦးသတ်ဖြတ်ခံရ

ကရင်နီ(ကယား)ပြည်နယ် သုံးရက်တာ တိုက်ပွဲအတွင်းစစ် ကောင်စီတပ်သား ၂၉ ဦး သေဆုံးကာ ခြောက်ဦးကို အရှမ်းဖမ်းမိပြီး လက်နက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။

▪︎ဖယ်ခုံမြို့နယ်တိုက်ပွဲစစ်သား ၂၄ ဦး​သေ၊ ကရင်နီ​တပ်​ပေါင်းစုမှ ၃ ဦးကျဆုံး၊ပြည်သူ ၃ဦးအသတ်ခံရ

ဖယ်ခုံမြို့နယ် ၊ အရှေ့ဖက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းသို့ မတ်လခုလ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီဘက် ကစစ်ကြောင်းထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ထို့နောက် မတ်လ (၁၂) ရက်တွင် ကုရင်ကျေးရွာ အုပ် စု စစ်ဘေးရှောင်စခန်းအနီး ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းသည် စစ်ရှောင် စခန်းအတွင်း ဝင်ရောက်၍စစ်ရှောင်ပြည်သူ (၈) ဦးအား ဓါးစာခံအဖြစ် ဖမ်းဆီခဲ့ပြီး (၅)ဦးကိုသာပြန်လွတ်ကာ သက်ကြီးရွယ်အို(၂) ဦး နှင့် (၇)တန်းကျောင်းသား ကလေးသူငယ် တစ်ဦးတို့အား ပြန်မလွှတ်ဘဤဲ မီးရှို့သတ်ဖြတ်ခဲ့သည်။

စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်အားရင်းအား မတ်လ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ မှ စ၍ KNDF B (03) ၊ ဖယ်ခုံ PDF တပ် ရင်း (၂) ၊ အလယ်ပိုင်းတိုင်း တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ
ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ

တိုက်ပွဲမှာနေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီခွဲအထိ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖက်မှ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့၏ တပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို သေဆုံးနေသော အလောင်း (၁၉)လောင်းကို တွေ့ရှိခဲ့ရသည်။ MA-3 (၂)လက် ၊ MA-2 (၁)လက် ၊ MA-1 (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ RPG (၂)လက် နှင့် ခဲယမ်းများ ၊ အသုံးဆောင်များကို သိမ်းဆည်းရခဲ့​ကြောင်းအသိ​ပေးသည်။

အဆိုပါတိုက်ပွဲတွင် ​စစ်တပ်မှသေဆုံးသူများတွင်စစ်​ကြောင်းမှူးအပါအဝင် အရာရှိအချို့ပါဝင်​ကြောင်း​မြေပြင်မှ တိုက်ပွဲဝင်ရဲ​ဘော်အချို့က​ပြောသည်။

ထို့အတူ မတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏ စစ် ကြောင်းတစ်ကြောင်းမှာ ကုရင်ကျေးရွာအုပ်စုထဲရှိ စစ်ဘေးရှောင် စခန်း တစ်ခုအနားသို့ ထပ်မံ၍ စစ်ကြောင်းထိုးလာခဲ့ပြီး ပူးပေါင်းတပ်များနှင့် နေ့လည် (၁)နာရီမှစ၍ ညနေ (၆)နာရီအထိ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်။

ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား (၅)သေဆုံးနေသည်ကိုတွေ့ရကာ တိုက်ပွဲအတွင်း မိမိတို့ KNDF B (03) မှ ရဲဘော် (၂)ဦး၊ ဖယ်ခုံ PDF တပ်ရင်း (၂)မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့ရသည်။

▪︎လွိင်​ကော်မြို့နယ်တိုက်ပွဲစစ်သား ၄ဦး​သေ

မတ်လ (၁၂)ရက်နေ့မှာပင် လွိုင်ကော်မြို့နယ် ၊ ကုန်းသာကျေးရွာ တောင်ကုန်းအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့အား ညနေ ၂ နာရီ ခွဲ ခန့်တွင် KNDF B (02) ၊ B (03) ၊ ဖယ်ခုံ PDF တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဥ်နှစ်စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ခက်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄)ဦး၏ အလောင်းအားတွေ့ရသလို အသုံးဆောင်များလည်း တွေ့ရကြောင်း KNDF က အသိပေးသည်။

ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ
ကရင်နီ​ပြည်နယ် သုံးရက်တာတိုက်ပွဲအတွင်းစစ်သား ၂၉ ဦး​သေဆုံး၊စစ်သုံ့ပန်း၆ဦးမိပြီး လက်နက်ခဲယမ်းများရရှိ

▪︎ဒီး​မော့ဆို အ​ရှေ့ခြမ်းတွင်တပ်မ ၆၆ ကင်း​ထောက်စစ်သားတစ်ဦးကိုရှင်းလင်း၊လက်နက်နှင့်ကျည်များရ

ထို့အပြင် မတ်လ ၁၃ ရက် ည (၁၂)နာရီကျော်အချိန်တွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်မ (၆၆) တပ်သား တစ်ဦးမှာ ကရင်နီပူးပေါင်းတပ် လှုပ်ရှားနေရာဖက်သို့ ကင်း ထောက် ကျွံဝင်လာခဲ့ရာ KNDF B (09) မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး ၎င်းကိုင်ဆိုင်ခဲ့သော MA-3 သေနတ် တစ်လက် နှင့် ကျည်အချို့ကို သိမ်းဆည်းရခဲ့သည်။

” မနေ့ကဆိုလည်း ဒီးမော့ဆို-ဖရူဆိုကြားက စကစ စစ် ကြောင်းတိုးလာတယ်။ဒေါတမကြီး မှာ တိုက်ပွဲဖြစ်တယ်။အဲဒီမှာလည်း စကစ က အထိနာလို့ ဂျက်လေယာဥ်သုံးတယ်။တိုက်ပွဲက ပိုအရှိန်မြင့်လာနေတယ်လို့ ပြောရမယ်” ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစု ပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

You May Also Like

သတင်း

တိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ - ၂ နတ်စစ်သည်တပ်ရင်း Black Dragon (GBK PDF)၊ တပ်ခွဲ (၅) ဟီးရိုးပျောက်ကြားနှင့် Yoma (GBK PDF) ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဖော်ဆောက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အိပ်ဆောင်လှေကား သစ်သားလက်ရန်းတန်းတွေကို ချိုးပြီး အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်ကာ ထွက်ပြေးဖို့လုပ်တာလို့ စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။