မကွေးတိုင်း ပခုက္ကူမြို့မှ ချင်းတောင်ဘက်သို့ စစ်ကောင်စီကား အစီးရေ ၈၀ထွက်ခွာလာသော ကြောင့် မတူပီ – မင်းတပ်လမ်းမကြီးအား အသုံးမပြုကြရန် မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ပြည်သူများအား အသိပေး ထုတ်ပြန်လိုက်သည်။
ထို့ပြင် မတူပီမြို့နယ် ထယ်ဘွေးတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် မတူပီ – ပလက်၀ လမ်းအတိုင်း ပြန်လည်ထွက်ခွာလာပြီဖြစ်၍ မတူပီ – ပလက်၀ လမ်းနှင့် မတူပီ ဘွေရားလမ်းများကို မတူပီ CDF၏ ခွင့်ပြုချက်မပါဘဲ အသုံးမပြုရန် အသိပေးထားသည်။

ပခုက္ကူမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ် အစီး ၈၀အနက် အစီး ၂၀ကျော်သည် ထီးလင်းဘက် သို့ ထွက်ခွာသွားပြီး အစီးရေ ၅၀ကျော်သည် ကျောက်ထုနယ်၌ပင် ရှိနေသေးသည်ဟု ဒေသခံက အသိပေးထားသည်။
အဆိုပါ ယာဉ်များသည် မင်းတပ်၊ မတူပီသို့ သွားရောက်ရန်ရှိကြောင်း တော်လှန်ရေးအင်အားစုများက တွက်စထားပြီး ဒေသခံများအား သတိပေးမှုများ ပြုလုပ်ထားသည်။
မင်းတပ် CDF၏ မတ်လ ၁၃ရက်ထုတ်ပြန်ချက်တွင် ကျောက်ထု -မင်းတပ် – မတူပီ လမ်းအား အသုံးမပြုကြသေးရန် သတိပေးထားသည်။
