Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်မီးရှို့ပြီး လူမျိုးရေးအထင်မှားစေရန်လုပ်နေဟု KNDF အသိပေး

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ပြီး လူမျိုးရေးအထင်မှားစေရန်လုပ်ဆောင်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယခုနှစ်ဖေဖော်ဝါရီ မှစ၍ ကရင်နီပြည်အတွင်းသို့ စစ်မျက်နှာလေးခုဖွင့်ပြီး စစ်ကြောင်း ၁၂ခုဖြင့် ထိုးစစ်ဆင်လျက်ရှိသည်ဟု ဆိုသည်။ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – KNDF)

စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃)ပတ်ခန့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ပအိုဝ်းစစ်ရှောင်ပြည်သူများရှိခဲ့ကြောင်း၊ ယနေ့ (မတ်လ ၁၁ရက်) နံနက်တွင် ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးတင်ရှို့ ဖျက်စီးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေးခုတုံးလုပ်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင်အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“ အထူးသဖြင့် တော့ လက်ရှိစစ်ရေးအခြေအနေက လွန်ခဲ့တဲ့ နှစ် နှစ်အတွင်းမှာ အကြီးမားဆုံး တိုက်ပွဲ ဖြစ်လာဖို့ရှိတယ်။ဒီလိုပဲ အရပ်သားပြည်သူတွေ နဲ့ လူမျိုးရေး ပဋိပက္ခကိုလည်း စစ်ကောင်စီတပ်က အစွမ်းကုန် ယုတ်မာနေတယ်။စစ်ရေးအရတော့ ကျွန်တော်တို့ အစွမ်းကုန်တုံ့ပြန်မယ်” ဟု KNDF ပြန် ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌခွန်မြင့်ထွန်းကလည်း စစ်ကောင်စီအနေဖြင့် ပအိုဝ်းပြည်သူများကို လူသားဒိုင်းအဖြစ်လည်းကောင်း၊ လက်ကိုင်တုတ်အဖြစ်လည်းကောင်း အသုံးချပြီး ကရင်နီအပါအဝင် အခြားတိုင်းရင်းသားများနှင့် သွေးကွဲအောင်လုပ်ဆောင်လျက်ရှိကြောင်း သတိပေးထားပြီး ပအိုဝ်းပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လူသားဒိုင်း၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေမှုမှ ရုန်းထွက်ရန် ပန်ကြားထားသည်။

ပင်လောင်းဒေသတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်ခြင်း၊ လူထုအား စစ်သားစုဆောင်းခြင်းကြောင့် ဒေသခံပအိုဝ်းလူထုများ စစ်ရှောင်လာရကြောင်း ကရင်နီဒေသခံတစ်ဦးက ပြောသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – KNDF)

“စစ်ထဲဝင်ရမယ်လို့၊ ကျည်ဆံဖိုး တစ်အိမ်တစ်သိန်းပေးရမယ်လို့ အဲဒီလို ကောက်နေတယ်လို့ ကြားတယ်။ ဘာဖြစ်လို့လည်းဆို အဲဒီကထွက်ပြေးလာတဲ့သူတွေနဲ့လည်းတွေ့တယ်။ တွေ့တော့ သူတို့ ပြောတာ မရဘူးတဲ့ သူတို့(စစ်ကောင်စီ)က ရမ်းပစ်လျှောက်ပစ်တာရောတဲ့။ အဲဒါ မရှောင်လို့မရလို့ ပြေးလာရတာတဲ့။ စစ်ကြောင်းအနေနဲ့ စကစနဲ့ နှစ်ဖွဲ့ပေါင်းဝင်တာ။ သူတို့ကိုယ်တိုင်လည်းပအိုဝ်းပါပဲ။ သူတို့ကိုယ်တိုင်လည်း စိတ်မကောင်းဘူး။ ဒါပေမယ့် ဒီကိစ္စတွေက အောက်ခြေကထက် ခေါင်းဆောင်ပိုင်း(PNO/PNA ခေါင်းဆောင်ပိုင်း)က လိုအပ်ချက်တွေရှိတာပေါ့။ အဓိကတော့ ကိုယ့်တိုင်းရင်းသားတွေညီညွတ်ဖို့ရယ် သွေးခွဲနေတာ။ကွဲဖို့ပဲ ကျနော်တို့ပြောချင်တယ်” ကရင်နီဒေသခံက ပြောသည်။

ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRYနှင့် အခြားမဟာမိတ်တပ်ပေါင်စုများမှ အစွမ်းကုန် ခုခံတိုက်ခိုက်နေကြောင်း အသိပေးထားသည်။

(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - KNDF)
(ပအိုဝ်းစစ်ရှောင်များခိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – KNDF)

ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်သောမြို့နယ်များအတွင်း လုံခြုံရေးဂရုပြုကြပါရန်နှင့် အထူးဖြင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပါသဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် KNDFက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။

Facebook

You May Also Like

သတင်း

စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာ ၁၅ ရက်က မန္တလေးမြို့ရှိ ပြည်ကြီးတံခွန်ဆရာတော်ကျောင်းကို ဝင်ရောက်စီးနင်းကာ လူငယ် များကို ရိုက်နှက်ခဲ့သေးသည်။

သတင်း

မြစ်ကြီးနားမြို့မှ စစ်ယာဉ် လေးစီးဖြင့် အင်အား ၇၀ကျော်ပါ ယာဉ်တန်းသည် လက်နက်ခဲယမ်းများ ရိက္ခာများ ဖြည့်တင်းကာ KIA နယ်မြေဘက် စစ်ရေးလှုပ်ရှားလာ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

သတင်း

ယနေ့(မတ်လ ၁၁ ရက်) နံနက် ၉ နာရီခန့်က ရွှေဘို - ကျောက်မြောင်းလမ်းပိုင်းအား ကင်းပုန်းဝပ်၍ စစ်ကြောင်းထိုးပြန်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပါဆယ်မိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။