မြန်မာပြည်သူတွေကို အကူအညီတိုးမြှင့်ပေးနိုင်ရေး ထည့်သွင်းဆွေးနွေး
အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ မနေ့က(မတ်လ ၁၃ ရက်)လာရောက်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည်အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်များနဲ့ အကူညီပေးနိုင်မယ့်ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့ NUG ဝါရှင်တန်ရုံးက ဖော်ပြပါတယ်။
“NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်”လို့ အတိုင်ပင်ခံ Derek Chollet က အသိပေးပါတယ်။
အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
