မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်ရှိ သစ်အချောထည်စက်ရုံ မီးလောင်မှုမှာ အမှိုက်မီးရှို့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အဆောက်အဦးဘေး အမှိုက်ပုံမီးရှို့ရာက စလောင် တာပါ။ ဆုံးရှုံးမှုက ကျပ်သိန်း၃၁၀ ကျော်တယ်” ဟု ၎င်းက ပြောသည်။
မတ်လ ၁၃ ရက် ည ၁၂ နာရီခန့်တွင် ယင်းမီးလောင်မှူစတင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်ကာ ၁နာရီခန့် ငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်ချိန်တွင် လေတိုက်နေသလို လောင်စာများသည့် နေရာဖြစ်သော်လည်း ဘေးရှိအဆောက်အဦးများကို ကူးစက်ခြင်းမရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။
ယင်းမီးလောင်မှု အပြီးတွင် မန္တလေးတိုင်းစည်ပင်သာယာရုံးအနီးရှိ စတိုးဆိုင်တစ်ခုတွင် မီးလန့်မှုဖြစ်ခဲ့သေးသည်။
