Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG ယာယီသမ္မတ ဥရောပသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို လက်ခံတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

(ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းနှင့် တွေ့ဆုံနေစဉ်)
(ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းနှင့် တွေ့ဆုံနေစဉ်)

“ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေ ဘယ်လိုတိုးချဲ့ဆောင်ရွက်ရမယ်ဆိုတာလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” – သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလသည် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းကို ယမန်နေ့တွင် အွန်လိုင်းမှ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ၁နာရီခွဲခန့်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် အကြမ်းဖက်စစ်အုပ်စုကြောင့် တိုင်းပြည်အတွင်း ရင်ဆိုင်နေရသော ပြဿနာများနှင့် လူထု၏ ဒုက္ခရပ်များအကြောင်း ဆွေးနွေးခဲ့ကြပြီး ဥရောပသမဂ္ဂအနေဖြင့် မြန်မာ့အရေးအတွက်ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများအား ဆွေးနွေးခဲ့ကြကြောင်း ယာယီသမ္မတရုံးက သတင်းထုတ်ပြန်သည်။

“ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုကို သူတို့ အတတ်နိုင်ဆုံး ကူညီမယ်ဆိုတဲ့အကြောင်း အထူးကိုယ်စားလှယ်က ပြောကြားပါတယ်။ နောက် မြန်မာပြည်သူလူထုဖြစ်ချင်တဲ့ မြန်မာပြည်သူလူထုရဲ့ စစ်မှန်တဲ့ဖက်ဒရယ်ဒီီမိုကရေစီနိုင်ငံတော် ဖြစ်မြောက်ဖို့ ဆန္ဒကိုလည်း သူတို့တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်ဆိုတာ၊ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဆောင်ရွက်မှုတွေ ဘယ်လိုတိုးချဲ့ဆောင်ရွက်ရမယ်ဆိုတာလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိိသူ ဦးကျော်ဇောက ပြောသည်။

လက်ရှိိနွေဦးတော်လှန်ရေးတွင် အမျိုးသားညီိညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားအဖွဲဲ့အစည်းများ၊ ပြည်သူလူထုအားလုံးနှင့်အတူ စစ်ကောင်စီအမြစ်ဖြတ်ရေး တော်လှန်ရေးတိုက်ပွဲဝင်နေကြသည့်အကြောင်းအရာကို အကျယ်တဝင့်ဆွေးနွေးခဲ့ဖြစ်ခဲ့ကြောင်း အထက်ပါတွေ့ဆုံမှုတွင် ပါဝင်တက်ရောက်ခဲ့သူ ဦးကျော်ဇောက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိိုးရအဖွဲ့နှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်တို့အကြား ပုံမှန်ဆက်သွယ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ဥရောပသမဂ္ဂ၏နောက်ဆုံးပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ပါဝင်သည်။ အီးယူသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။

You May Also Like

သတင်း

NUG ကာကွယ်ရေး၏ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ တိုက်ပွဲ စုစုပေါင်း ၂,၅၀၀ နီးပါးအနက် ထိတွေ့တိုက်ပွဲ ၁၅၀၀ ကျော်၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၀၀ ကြိမ်၊ စခန်းသိမ်းတိုက်ပွဲ ၁၅၆ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၆၇၀ ကျော် ဖြစ်သည်။

သတင်း

အခွန်ကောက်သည့်စနစ်၌ အလေအလွင့်မဖြစ်ရေး အထူးသတိထားရမည်ဟုလည်း ယာယီသမ္မတက ပြောသည်။ အခွန်ကောက်ခံခြင်းစနစ် မမှန်ကန်ပါက လူထုကအခွန်ထမ်းသော်လည်း အစိုးရ အနေဖြင့် ရသင့်သည့် အခွန်ဘဏ္ဍာငွေ ရမည်မဟုတ်ကြောင်း အသိပေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။

သတင်း

၁၉၄၉ မှစ၍ တပေါင်းလပြည့်နေ့တွင် ပအိုဝ်းလူမျိုးများ ကျင်းပလေ့ရှိသည့် ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ မတ်လ ၅ ရက် (တပေါင်းလပြည့်နေ့)သည် (၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ဖြစ်သည်။