ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ယနေ့(မတ် ၁၃) တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်ရှိ PDF ရဲ ဘော်များကPeople’s Spring သတင်းဌာနသို့ပြောသည်။
ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာတွင် ယနေ့(မတ်လ ၁၃ ရက်) နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု တိုက်ပွဲဝင်နေသောရဲဘော်များကပြောသည်။
“ အဓိကတော့ စခ တပ်က သတ်လိုက်တဲ့ နမ့်နိန်းရွာ ဘုန်ကြီးကျောင်းဖြစ်စဥ်ကို ကျွန်တော်တို့ဘက်က သက်သေနဲ့တကွ တင်လိုက်နိုင်တယ်။ဒါကိုသူတို့ဘက်ကပြန်လာပြီးစစ်ကြောင်းလာထိုးနေတာလို့ ပြောလို့ရတယ်။အခုနေ့လည်ပိုင်းအထိ ပစ်ခတ်နေကြတုန်းပဲ” ဟု ပင်လောင်းမြို့တိုက်ပွဲတွင်ရှိနေသည့် DMO PDF ရဲဘော်တစ်ဦးက ရှင်းပြသည်။
ပင်လောင်းမြို့ နယ်စစ်မြေပြင်တွင် စစ်ကောင်စီ မှာ အထိနာလျက်ရှိပြီး လက်နက်ခဲယမ်းအချို့ကိုတော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိထားကြောင်းလည်းသိရ သည်။

“ ကျွန်တော်တို့ ပူးပေါင်းတပ်ဘက်မှာလည်း ပြင်းထန်ဒဏ်ရာရတဲ့ ရဲဘော်တွေနဲ့ ကျတဲ့ ရဲဘော်အချို့ရှိနေပါတယ်” ဟု ကရင်နီပူးပေါင်းတပ်မှရဲဘော်တစ်ဦးက ပြောသည်။
မတ်လ ၁၁ ရက်နေ့က နမ့်နိန်းကျေးရွာတိုက်ပွဲတွင်စစ်တပ်ထံမှ 79ကျည် ၁၃လုံး၊MA-1 ကျည် တောင့် ၁,၆၀၀၊၊စုပုံး ခုနှစ်လုံး၊နင်းမိုင်း နှစ်လုံး၊MA- 1 ကျည်ဘောက် နှစ်ဘောက် ၊လက်ပစ်ဗုံး နှစ်လုံး၊ 60 မမ ပို့ယမ်း တစ်ထုပ် နှင့် အခြားပစ္စည်းများကိုKRU က သိမ်းဆည်းရရှိခဲ့သေးသည်။
စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃) ပတ်ခန့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မတ်လ (၁၁) ရက်နေ့ ၊နေ့လည် ၁၁ နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသော နမ်းနှိမ် ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို စစ်ကောင်စီတပ်မှ မီးရှို့ ဖျက်ဆီးခဲ့သည်။


ထိုအပြင်ရှေ့တန်းတိုက်ပွဲတွင်အထိနာခဲ့သောစစ်အုပ်စုသည် နမ့်နိန်းရွာဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသည့် သံဃာနှင့် ပြည်သူ ၃၀ ခန့်ကို အစုလိုက် အပြုံလိုက်သတ် ဖြတ်မှုကျူးလွန်ခဲ့သည်။
ကရင်နီ(ကယား)ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (ဖး်ခုံ)၊ PDF (မိုးဗြဲ)၊ PNDF(KK)၊SSRY၊KRU နှင့် အခြားမဟာမိတ်တပ်ပေါင်စုများကခုခံတိုက်ခိုက်နေသည်။
