Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ရေစကြိုမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မတ်လ၇ရက်မှစ၍ မြိုင်မြို့နယ်၊ ကနီပျူစေ ထီးရွာမှ ရေစကြိုမြို့နယ်အတွင်းသို့ဝင်လာသောစစ်ကြောင်းအား နှစ်ရက်တာ အနီးကပ်​ချောင်းမြောင်းခြင်း၊ ဒရုန်းဖြင့် ဗုံးများချခြင်းများဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများ အများအပြားထိခိုက်ဒဏ်ရာများရရှိနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

အင်အား၄၀ခန့်ရှိသော စစ်ကောင်စီတပ်နှင့်ပျူများသည် လက်ရှိတွင် မြေနီကုန်းကျေးရွာတွင် မွှေနှောက်ရှာဖွေနေကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကြောင်းတွင်းမှ MAကျည်အိမ်နှစ်ခု ၊၅.၅၆ကျည် ၂၀၅တောင့် နင်းမိုင်း တစ်လုံးသိမ်းဆည်းရမိ၍ စစ်ကြောင်းတွင်းမှ ဓားစာခံ ပြည်သူတစ်ဦးအား မိမိတို့ကာကွယ်ရေးရဲဘော်များမှ ကယ်ထုတ်နိုင်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးသည်။

“ အထိအခိုက်ကများနိုင်တယ်။ နှစ်ရက်ပေါင်းကို ဒရုန်းနဲ့ အီနာဂါ ၁၂လုံးလောက်ရှိမယ်။ ကျွန်တော်တို့တွေရှင်းလင်းရေးဝင်တဲ့အချိန် သွေးကွက်တွေ၊ ဆေးကုထားတဲ့အပ်တွေ၊ ဂွမ်းတွေပတ်တီးတွေအစအနတွေ တွေ့ရတယ်။” ဟု ရေစကြို(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒရုန်းစစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ သံမဏိသိန်းငှက် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့(မတ်လ ၇ ရက်) ညနေပိုင်းကလည်း ရေစကြိုမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်နှင့်ပျူများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများကြောင်း ရေစကြို(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ မှ ၁၇ ရက် အထိပြုလုပ်မည်ဖြစ်သောကြောင့် ယင်းရက်အတွင်း မန္တလေးမြို့၌ စစ်​ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်သည် ညောင်ပင်စောက်ရပ်တာရိုးဘေးရှိ တဲခြံများအား မီးရှို့ခဲ့ပြီး ပစ်ခတ်မှုများပါ ပြုလုပ်ခဲ့၍ ဒေသခံ ပြည်သူနှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်မူများတွင်အခင်းဖြစ်နေရာ၌ဗိုလ်တစ်ဦးနှင့်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း၊ သေဆုံးတပ်သား ၅ ဦးအား ဆီမီးခုံမြို့ဘေးတွင် သင်္ဂြိုလ်သွားပြီး ဗိုလ်တစ်ဦးကိုမူ ကားဖြင့် သယ်သွားကြောင်း သိရသည်။