Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်ကြောင်း အီးယူထုတ်ပြန်

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။

ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ - EU in Myanmar
ရန်ကုန်မြို့ရှိ အီးယူရုံး၌ ယူကရိန်းအလံလွှင့်ထူထားစဉ်၊ ဓာတ်ပုံ - EU in Myanmar

▪️စစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းသံအမတ် သတိပေး

ယူကရိန်းကို ရုရှားကျူးကျော်စစ် ၁၂ လမြောက် အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့၌ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။

ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့ကြောင်း အီးယူက ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆဌမအကြိမ််မြောက်ပိတ်ဆို့ဒဏ်ခတ်မှုအဖြစ် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို အရေးယူချမှတ်ခဲ့သည်။

You May Also Like

နိုင်ငံတကာ

စစ်ပွဲမှာ ယူကရိန်းနဲ့အတူ အမေရိကန်က ဆက်လက် ရပ်တည်သွားဦးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကိယက်ဗ်မြို့ကို လျှို့ဝှက် သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကြေညာခဲ့ပါတယ်။

သတင်း

အဖွဲ့အစည်း ၇ ခုမှာ စစ်တပ်၏ စစ်ထောက်ချုပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်လက်နက်ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတို့နှင့် Asia Sun Group၊ Dynasty International Company Limited၊ International Gateways Group of Company Limited(IGG)၊ Sky Aviator Company Limited...

သတင်း

အာဏာသိမ်းမှုတွင် တာဝန်ရှိသူများနှင့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ကျူးလွန်သူများသည် ယင်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံမှု ရှိစေရမည်ဟု ဥရောပသမဂ္ဂက ဆိုသည်။

နိုင်ငံတကာ

အမေရိကန်ဟာ တင့်ကားတွေ၊ တာဝေးပစ် ဒုံးကျည်တွေ၊ လေယာဉ်ပစ် လက်နက်တွေ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ ၃၀ ဘီလီယံဖိုးလောက် ကာကွယ်ရေး အစီအမံတွေ ပေးအပ် ထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။