မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးလမ်းတွင် စစ်ကောင်စီယာဥ်၃စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများပြားကြောင်း မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။
ဇန်နဝါရီ ၁၂ရက် မွန်းတည့် ၁၂ နာရီခန့်က နွားထိုးကြီးမြို့ဘက်မှ မြင်းခြံမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကား (၃)စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Forceအဖွဲ့ တာဝန်ခံက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မြင်းခြံ – နွားထိုးလမ်းပေါ်တွင် စစ်အုပ်စုက ခရီးသွားပြည်သူများအား ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၁ဝရက်ကလည်း မြင်းခြံခရိုင် မြင်းခြံ – မြို့သာလမ်းတွင် စစ်ကောင်စီယာဥ်သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
