▪︎ကနဦးရရှိသောသတင်းအရအိန္ဒိယနိုင်ငံဘက်ခြမ်းသို့ဗုံးတစ်လုံးကျ
အိန္ဒိယ-မြန်မာနယ်စပ်ရှိCNA(ချင်းအမျိုးသားတပ်ဦး)ဌာနချုပ်ကို ညနေ ၄နာရီခွဲခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်လေးစီးဖြင့်လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။
ညနေ ၅ နာရီခွဲတွင် ကနဦး ရရှိသောအချက်အလက်များအရညနေ ၅နာရီခွဲအထိ စစ်ကောင်စီတပ်ကညနေ ၅ နာရီခွဲအထိ့လာရောက် ဗုံးကျဲတိုက်ခိုက်နေပြီးအိန္ဒိယနိုင်ငံဘက်သို့ဗုံးတစ်လုံးကျရောက်ကာCNAဌာနချုပ်ထဲသို့အနည်းဆုံးဗုံး ၃လုံးကျရောက်ပြီး အဆောက်အအုံထိခိုက်ပျက်စီးမှုများရှိသည်ဟု ဒေသတွင်းသတင်းရင်းမြစ်အချို့ကပြောသည်။
