စစ်ကောင်စီက ပုဒ်မ၅၀၅(က)ဖြင့် မတရားဖမ်းဆီးတရားစွဲဆိုထားသည့် အမျိုးသားတစ်ဦး အင်းစိန်မြို့နယ်အထူးတရားရုံးမှ ထွက်ပြေးလွတ်မြောက် သွားကြောင်း ရန်ကုန်တိုင်း တရားရေး အသိုင်းအဝိုင်းက အတည်ပြုသည်။
အဆိုပါအမျိုးသားသည် အင်းစိန်မြို့နယ် အထူးတရားရုံး၌ ဇူလိုင် ၂၀ရက်က ရုံးထုတ်စစ်ဆေးခံရစဥ် စစ်ကောင်စီလက်ပါးစေများလက်မှ လွတ်အောင်ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။
“အဲဒီသတင်းအမှန်ပဲ။ တရားစွဲခံရတဲ့သူ ထွက်ပြေးသွားလို့ ဝန်ထမ်းတွေရော ရဲတွေပါ ဒုက္ခတွေ့နေကြတယ်”ဟု ရန်ကုန်တိုင်းမှ တရားသူကြီးတစ်ဦးက ပြောသည်။
အထက်ပါ သတင်းသည် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက လူမှုကွန်ရက်တွင် ယနေ့(ဇူလိုင် ၂၂ရက်) စတင်ဖော်ပြလာခြင်းဖြစ်သည်။
“အင်းစိန်ရဲစခန်းမှ တာဝန်ကျရဲတွေကို ပေါ့လျော့မှု့နဲ့ ဖမ်းဆီးထားသလို ထောင်ဝန်ထမ်းများ အိမ်ပြန်ခွင့်မရပဲထောင်အတွင်း အဆင်သင့်နေရသည်မှာ သုံးရက်ခန့်ရှိပြီဟု သိရပါတယ်” စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက ရေးသားထားသည်။
ထွက်ပြေးလွတ်မြောက်သွားသူ၏ ကိုယ်ရေးအချက်အလက်များကို တော်လှန်ရေးအင်အားစုများက ဖုံးဖိထားသည်။
