မြဝတီမြို့ရှိ BGFဂိတ်တစ်ခုကို PDFနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ကယနေ့ညနေတွင်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရခဲ့သည်။
မြဝတီမြို့ရှိ တုံးတံတားBGFဂိတ်ကို ဇူလိုင် ၂၂ ညနေ ၄နာရီခန့်တွင်PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့က အလစ်အငိုက်ဝင်တိုက်ခိုက်ခြင်းဟု PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ မဟာမိတ်အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်ကြောင်းကိုမူမသိရသေးပေ။
“သေနတ်သံတွေ ဆူညံကုန်တာ။ ပူးပေါင်းတပ်က BGFကိုချတာ။ ပွဲက လှတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။
တိုက်ခိုက်ခံရသော BGF ဂိတ်သည် BGF ခေါင်းဆောင် စောချစ်သူ၏လူရင်းဗိုလ်မုတ်သုံထိန်းချုပ်မှုအောက်တွင်ရှိသော ဂိတ်ဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် -BGFသည် ပြည်သူလူထုအတွက် ကောင်းကျိုးမပေးသည့် တပ်ဖွဲ့ဟု မြဝတီမြို့ခံများကပြောသည်။
ထိုအပြင် မြဝတီမြို့တွင် ယနေ့ည ၇ နာရီ ခွဲဝန်းကျင်မှစ၍စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာပစ်ခတ်နေကြောင်းဒေသခံအချို့ကပြောသည်။
“အရှေ့ဘက်၊ တောင်ဘက်၊အနောက်ဘက် ဆက်တိုက်ပစ်နေတာ။ထိုင်တော်မူဘုရာအနောပ်ဘက်ကိုပစ်နေတာ” ဟုဒေသခံတစ်ဦးကပြောသည်။
