ရိုဟင်ဂျာတွေကိုမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီတရားစွဲဆိုထားတဲ့အမှုကို ICJ တရားရုံးကလက်ခံပြီးတရား စီရင်ပိုင်ခွင့်မရှိကြောင်းစစ်ကောင်စီရဲ့ကန့်ကွက်ချက်ကို တရားရုံးက ဒီနေ့မှာပယ်ချလိုက်ပါတယ်။
၂၀၁၇ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျုးလွန်တယ်ဆိုကာ ဂမ်ဘီယာက မြန်မာကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားစွဲဆိုထားတာပါ။
ဒီအမှုကိုစစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ်ဒေါက်တာသီတာဦးတို့ကိုဦးဆောင်စေကာတရားရင်ဆိုင်မယ့်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်အမှုကြားနာမှုမှာ ဂမ်ဘီယာဟာတိုက်ရိုက်နစ်နာတဲ့နိုင်ငံမဟုတ်လို့ တရားစွဲခွင့်မရှိသလို တရားရုံးကလည်း ဂမ်ဘီယာရဲ့ လျောက်ထားချက်ကိုလက်ခံစီရင်ပိုင်ခွင့်မရှိဘူးလို့ကန့်ကွက်ခဲ့ကြတာပါ။
ဒါပေမယ့် ဒီနေ့မှာ တရားရုံးက စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ကန့်ကွက်ချက်ကိုပယ်ချပြီး အမှုကိုဆက်လက်ကြားနာဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။
