ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံး ကြောင်း PDF ဖရူဆိုက ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၂၂ ရက်)က PDF Hpruso နှင့်အတူ ကရင်နီတပ်မတော် (KA)၊ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၄ ၊ လွိုင်ကော် PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင် ရေးတပ်ဖွဲ့ နှင့် အလယ်ပိုင်းတိုင်းတပ်ရင်း (1101)တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။
စစ်ကောင်စီဖက်မှ လေးဦးသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ဖော်ပြသည်။

ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့မှအထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု အသိပေးသည်။
ဖရူဆို မြို့နယ်တွင် စစ်ကောင်စီတပ်မှ တပ်အင်အားဖြည့်တင်းလျက်ရှိကာ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင်လည်း စစ်ကောင်စီတပ်မှ မြို့အတွင်း ခြေကုပ်ယူရန်ကြိုးစားသဖြင့် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ KNDF က ယနေ့ သီးခြားထုတ်ပြန်ထားသည်။
ဇူလိုင် ၁၆ ရက်က ဖရူဆိုအခြေစိုက်အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းမှ ဒေါလောခူကျေးရွာ ဘက်သို့ ထွက်လာသော စစ်ကောင်စီတပ်သား လေးဦးအား KNDF B15 နှင့် ကရင်နီတပ်မတော် (KA) တို့မှတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား တစ်ဦးသေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ် (၁) လက်သိမ်းဆည်းရရှိထားသည်။
