စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်းနေ၍ မိုင်းများပေါက်ကွဲနိုင်သောကြောင့် ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များက သတိပေးသည်။
မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် မိုင်းများ မိုးရေစိုကာ ပေါက်ကွဲနိုင်ပါသဖြင့် မုံရွာ-အမြင့်လမ်းပိုင်း လမ်းခရီးသွားလာခြင်းများကို ရှောင်ရှားပေးကြရန် မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက ယနေ့ဇူလိုင်လ၂၂ရက်နေ့တွင် သတိပေးကြေညာသည်။
အရေးပေါ်ကိစ္စများကြောင့် မဖြစ်မနေဖြတ်သန်းသွားလာရပါက ဂရုတစိုက်ဖြင့် ဖြတ်သန်းသွားလာကြပါရန် ပြည်သူများအား မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။
