စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-သာဝတ္တိ-မုံလှလမ်းပိုင်းအားယာဥ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခွင့်မပြုကြောင်း Armed Revolutionary Force K.Uက အရေးပေါ်သတိပေးထုတ်ပြန် ကြေညာသည်။
ယနေ့(ဇူလိုင်လ ၁၈ ရက်)နံနက်ပိုင်းမှစတင်ကာခင်ဦးမြို့နယ်၊မြင်းဒေါင်း – သာဝတ္တိ – မုံလှ ကွန်ကရစ် လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန် ARF-KU က မေတ္တာရပ်ခံသည်။
ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မချင်း ဤလမ်းပိုင်းအား လုံးဝအသုံးမပြုကြပါရန်လညွးအသိပေးသည်။
ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ခတ်မှုများပါ ပြုလုပ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။
