အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ပြောင်းပြန်လှန်လိုက်သလိုဖြစ်နေချိန်မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူ ၆ ဦးကို ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ ဗဟိုဘဏ်ဆီ စစ်ကောင်စီက ထည့်လိုက်ပါတယ်။
အဲဒီအပြောင်းအရွှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ပထမ ရက်သတ္တပတ်က စစ်ကောင်စီက လုပ်ခဲ့တာပါ။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ်ကိုလည်းထိန်းချုပ်ခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ အကြီးပိုင်းနေရာတွေမှာ စစ်ကောင်စီက သူတို့လိုလားသူတွေနဲ့ ပြင်ဆင်ဖွဲ့စည်းပါတယ်။ ဒါအပြင် NLD အရပ်သားအစိုးရလက်ထက်က ဗဟိုဘဏ်အကြီးအကဲ အချို့ကိုလည်း ဖမ်းဆီးတရားစွဲဆိုတာတွေ လုပ်ပါသေးတယ်။
ဗဟိုဘဏ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ဈေးနှုန်းတွေ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ကျပ်ငွေ တန်ဖိုးခိုင်ခံတည်မြဲစေဖို့ ဖြစ်တယ်လို့သိရပါတယ်။
