မန္တလေးမြို့က စစ်တပ်ပိုင်မြဝတီဘဏ်ရဲ့ အစောင့်ဂိတ်နဲ့ မီးသတ်ရုံးကို လက်ပစ်ဗုံးနဲ့ မနေ့ကညပိုင်းမှာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကြားအဖွဲ့ တွေဖြစ်တဲ့ K.C.G.F – MRRF – MSMF – (MDY-UG တပ်ပေါင်းစု)က ထုတ်ပြန်လာပါတယ်။
မနေ့ကညပိုင်း ၈ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၊ကျွဲဆည်ကန်အနီးက မြဝတီဘဏ် ရဲ့ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် ၁၁၇ လမ်းနဲ့ ၅၉D လမ်းမှာရှိတဲ့ ပျုစောထီးအဖွဲ့ဝင်တွေ အခြေချရာ မီးသတ်ရုံးကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
