CDF-Mindat မှတဆင့် ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံဖြင့် ဇူလိုင် ၁၀ ရက်တွင် လာရောက်ခိုလှုံလာသော ခမရ-ခြေမြန်တပ်ရင်း (၅၁၂) မှ ရဲဘော်တစ်ဦးအား CDF-မင်းတပ်ကကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်းယနေ့သတင်းထုတ်ပြန်သည်။


ချင်းပြည်နယ် စစ်ကြောင်းတွင်ပါဝင်လာသည့်အရှေ့တောင်ပိုင်းစစ်ဌာနချုပ် ခမရ ၅၁၂ မှ တပ်သားတစ်ဦးဖြစ်ပြီး CDF-မင်းတပ် ထံဇူလိုင် ၁၀ရက်က အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။
ပြည်သူနှင့်ပူးပေါင်းလာသောတပ်မတော်သားသည် MA-1 သေနတ်တစ်လက်၊ကျည်ပေါက်သုံးခု၊ကျည် ၁၂၃တောင့်နှင့်ဗုံးသီးနှစ်လုံး ယူဆောင်လာကာ CDM ပြုလုပ်လာခြင်းဖြစ်သည်။
