ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ သုံးနေရာကိုတိုက်ခိုက်ခဲ့ကြောင်း ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန် သည်။
ဇူလိုင် ၁၁ရက်တွင် ကန်ပက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၃နာရီကြာတိုက်ခိုက်ခဲ့ကြောင်း အသိပေးထား သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း CDF ရဲဘော်များ အထိ အခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဇူလိုင် ၁၂ရက်လည်း ကန်ပက်လက်မြို့၊မြို့နယ်ပညာ ရေးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံး၍ CDFဘက်မှ မထိအခိုက်မရှိဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။
