အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ၏ တပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC-KC PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။
ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ လက်နက်စောင့်အဖြစ် တာဝန်ယူထားကြောင်း ၎င်း၏ သက်သေခံ ကဒ်ပြား၌ ဖော်ပြထားသည်။
“သူ့ကို ဒီနေ့(ဇူလိုင် ၇ ရက်) မနက်အစောပိုင်း ဖမ်းမိတာပါ။ ပခုက္ကူနဲ့ ဆိပ်ဖြူ အစပ်မှာ။ကျန်တာတော့လောလောဆယ် ဆက်လက်စစ် ဆေးနေတုန်းပဲ”ဟု MC-KC PDF တာဝန်ရှိသူက ရှင်းပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ချမှတ်ထားသောစစ်သုံ့ပန်း ဥပဒေနှင့်အညီဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားကို ထိန်းသိမ်းသွားမည်ဟုလည်း ၎င်းက ဆိုသည်။
