ပျူစောထီးအဖွဲ့ကသေနတ်ဖြင့်ပစ်သတ်လိုက်သည့် အိန္ဒိယနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပေါ်နေသော မိုရေးမြို့တွင် လူစုလူဝေးမပြုလုပ်ရန် အန္ဒိယအစိုးရ၏ဒေသတွင်းအာဏာပိုင်အဖွဲ့က အရေးပေါ်အမိန့်ထုတ်ပြန်လိုက်သည်။
မိုးရေးမြို့ထဲတွင်လူစုလူဝေးပြုလုပ်ခြင်း၊အုပ်စုလိုက်သွားလာခြင်းများကိုဇူလိုင် ၆ရက်မှစ၍ခွင့်မပြုတော့ကြောင်းမဏိပူပြည်နယ် Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးမူးက ယမန်နေ့ညနေတွင် အရေးပေါ် အမိန်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


လူစုလူဝေးမပြုလုပ်ရန်အပြင် နယ်စပ်ဖြတ်ကျော်သွားလာမှုကိုလည်း Tinnopel ခရိုင် ခရိုင်အုပ်ချုပ်ရေးရုံးကကန့်သတ်မိန့်ထုတ်ပြန်လိုက်သည်။
“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။
အိန္ဒိယနိုင်ငံသားများအနေဖြင့်အရေးကြီးကစ္စမရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းသို့ သွားလာခြင်းမပြုရန်၊သက်ဆိုင်ရာ၏ခွင့်ပြုချက်ကိုရယူပြီးမှ သာသွားလာရန်၊ မြန်မာနိုင်ငံသားများကိုလည်းခွင့်ပြုချက်မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်သည်။



တမူးမြို့တွင်ဇူလိုင် ၅ရက်က ပျုစောထီးများကအိန္ဒိနိုင်ငံသားနှစ်ဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ယင်းဖြစ်စဥ်အပေါ် ဒေါသဖြစ်နေသည့်မိုးရေးမြို့ခံများကအန္ဒိယအစိုးရနှင့်စစ်တပ်ကို ဇူလိုင် ၆ရက်တွင် ဆန္ဒပြခဲ့ကြသည်။ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ရှိ စစ်ကောင်စီ၏ရဲကင်းစခန်းတစ်ခုကိုလည်း ဆန္ဒပြလူထုကမီးရှို့ပစ်လိုက်သည်။ထိုအခြေအနေကိုထိန်းချုပ်နိုင်ရန်အိန္ဒိယအစိုးရကအရေးပေါ်အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒေသအစိုးရက အရေးပေါ်ထုတ်ပြန်လိုက်တာ။မိုးရေးက မြန်မာတွေလည်းဘယ်သူမှအပြင်မထွက်ရဲဘူးဖြစ်နေတယ်” ဟုမိုရေးမြို့တွင်နေထိုင်သည့် မြန်မာတစ်ဦးကပြောသည်။ထိုအပြငယခုအခါ တမူးမြို့တွင် ယခင်ရက်များကတွေ့ခဲ့ရသော ပျူစောထီးများလည်း ယခုအခါမတွေ့ရတော့ကြာင်းဒေသခံအချို့က ပြောသည်။
