စစ်အာဏာရှင်အား တိုက်ခိုက်မည့် အထူးတိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့လေ့ကျင့်နေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ(၇)၊ တပ်ရင်း – ၇၀၃က ယနေ့(ဇူလိုင် ၇ရက်)တွင် ထုတ်ပြန်သည်။
အာဏာရှင်စနစ်ကျဆုံးရေးအတွက် အဆုံးအစွန်ထိသွားရန် သန္ဓိဌာန်ချထားပြီးဖြစ်၍ ပြည်သူ များက ကွန်မန်ဒိုတပ်ဖွဲ့ကို ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
ထို့အပြင် တိုက်ခိုက်ရေးကွန်မန်ဒိုတပ်ဖွဲ့၏ လေ့ကျင့်ရေးပစ္စည်းများကို မိဘပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ယခုလေ့ကျင့်မှုကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်ဟု အသိပေးသည်။



ပြည်သူပိုင်နေအိမ်များ မီးရှို့၊လုယက်ပြီး စစ်ကြောင်းထိုးသတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ခုခံကာကွယ်ရန်အပါအဝင် စစ်ကောင်စီတပ်၏ စစ်စခန်းများ၊ မြို့သိမ်းတိုက်ပွဲများနှင့် အထူးစစ်ဆင်ရေးများကို ကွန်မန်ဒိုအထူးတပ်ဖွဲ့က ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ချင်း၊မကွေးနှင့် စစ်ကိုင်းတိုင်းရှိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသများကို ကိုယ်စားပြုထားသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို ဇွန်လဆန်းပိုင်းကစ၍လေ့ကျင့်ပေးနေသည်ဟု တပ်ရင်း(၇၀၃)မှ တပ်ရင်းမှူးကိုစိုးမိုး အသိပေးသည်။




“ကျွန်တော်တို့မှာ လို အပ်ချက်များစွာရှိနေပါသေးတယ်။အဲဒါတွေအတွက် ပြည်သူလူထုက ကူညီပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်”ဟု ကိုစိုးမိုးက ပြောသည်။
လက်ရှိ အနောက်ပိုင်းတိုင်စစ်ဒေသတွင် ဂန့်ဂေါခရိုင်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ကောင် စီတပ်မှအင်အား ၃၀၀ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွား နေသည်။
