●စခန်းသိမ်းခါးနီးတွင်စစ်ကောင်စီတပ်မှ စစ်ကူများနှင့်လက်နက်ကြီးပစ်ကူကြောင့်ပူးပေါင်းတပ်စခန်းမသိမ်းနိုင်ဘဲထိ့ခိုက်ကျဆုံးမှုရှိခဲ့
ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုဒေသခံကာကွယ်ရေးတပ်များကပူးပေါင်း၍တိုက်ခိုက်ရာ နှစ်ဖက်ကျဆုံးမှုများရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(ဇူလိုင် ၄ ရက်) နံနက်အစောပိုင်းတွင်ဖယ်ခုံမြို့မြောက်ဘက်ရှိကုန်ဆုံရွာ တွင်စခန်းချထားသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF ၊ကရင်နီတပ်မတော် KA၊ဖယ်ခုံ PDF နှင့် ရှမ်း ပြည်နယ်တော်လှန်ရေးလူငယ်များအင်အားစု (SSRY)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့သိသလောက် စခန်းသိမ်းခါနီးမှာရန်သူဘက်ကစစ်ကူရော လက်နက်ကြီးပစ်အား အဆမတန်သုံးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အ ကျအဆုံးရှိခဲ့တာပါ”ဟုကရင်နီဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် တပ်ဖွဲ့ဝင်အချို့ ကျဆုံး မှုရှိသည်မှာ မှန်ကန် ပြီး အရေအတွက်နှင့် ထိခိုက်မှုကို မူ သက်ဆိုင်ရာ မိခင် တပ်ရင်းမှ ထုတ်ပြန်ပေးလိမ့်မည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးကအသိပေးသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် သေဆုံးထိ့ခိုက်မှု များချိန်တွင်အင်အား ၂၀၀ခန့် ဖြင့် စစ်ကူပေးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်တွေလည်း အသေများတယ်။ ရပ်ကွက်ထဲမှာအလောင်းတွေ ကားနဲ့လိုက်ကောက်နေရတယ်။ ရွှေပြည်အေး စစ်ကြောင်းမှာလည်းစစ်တွေ အကုန်နီးပါသေတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲအခြေအနေ ကြောင့် ဖယ်ခုံ – ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန်လည်းပြည်သူလူထုအားကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း၃ကအသိပေးထားသည်။
ဇွန် ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်ကခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများစစ် ကြောင်း ထိုးဝင်လာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့်အတူ PNO ပြည်သူ့စစ်အဖွဲ့ကပူးပေါင်း၍ စစ်ရှောင်ပြည်သူများ၏နေအိမ်အဆောက်အဦးများကိုမီးရှို့ဖျက်ဆီးသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောကြားသည်။
ထို့အပြင် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း KNDF ကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။
ဇူလိုင် ၁ ရက်ကလည်းဖယ်ခုံမြို့၊ လွယ်မကူးရွာတောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင် စီတပ်ကိုအလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ကဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ဇူလိုင် ၁ ရက်တွင်ထုတ်ပြန်ထားသည်။
