စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အခြေစိုက် ပုံတောင်TIGER PDFက ပြည်သူလူထုလှူဒါန်းငွေဖြင့် ဇွန်လအတွင်းထုတ်လုပ်ခဲ့သည့် လက်နက်ခဲယမ်းများကို ထုတ်ဖော်ပြသလိုက်သည်။
ဇွန်လအတွင်း လက်နက်ကြီးပြောင်းရှည်(၂)လက်နှင့်အဖူး(၉၄)ဖူး၊စလစ်(၁၁)လုံး၊ရှေ့ထွက်မိုင်း(၁၄)လုံး၊အတွဲလိုက်ရှော့ဒုံး(၁)လက်နှင့်အဖူး(၂၇)ဖူးထုတ်လုပ်ခဲ့သည်ဟု ပြည်သူလူထုအား ဓာတ်ပုံမှတ်တမ်းများဖြင့် တင်ပြထားသည်။



“ပြည်သူလူထုလှူဒါန်းမှုများဖြင့် တိုက်ခိုက်ရေး၊ထုတ်လုပ်ရေးနှင့်အခြားတော်လှန်ရေးနှင့်ပတ်သတ်သောကဏ္ဍအသီးသီးကို ဟန်ချက်ညီညီလှုပ်ရှားနေလျက်ရှိပါသည်”ဟု ပုံတောင်TIGER. PDFက ထုတ်ပြန် အသိပေးထားသည်။



လက်နက်အသစ်အဆန်းများကြိုးစားထုတ်လုပ်လျှက်ရှိကြောင်းနှင့်ရှေ့လျောက်ပြည်သူလူထု၏အကူအညီများစွာလိုအပ်နေသောကြောင့် တတ်နိုင်သည့်ဘက်မှပါဝင်ကူညီပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
