ထားဝယ်-ထီးခီးလမ်းပိုင်းအားဇူလိုင်လ၅ရက်မှဇူလိုင်၁၁ရက် အတွင်း လုံးဝဖြတ်သန်းသွားလာခြင်းမပြုရန် KNDO Special တပ်ရင်းနှင့်ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDFက ပြည်သူလူထုထံ အသိပေးချက် ထုတ်ပြန်လိုက်သည်။
ထားဝယ်-ထီးခီး လမ်းပိုင်းအာမနက်ဖြန်(ဇူလိုင် ၅ရက်)မှစ၍ရက်သတ္တပတ်ကြာ သွားလာခွင့်တားမြစ်ထားပြီးအသေးစိတ်အကြောင်းအရာကို ဖော်ပြမထားပေ။
“သတ်မှတ်ရက်အတွင်း ဖြတ်သွားလာကြစဥ်အကြမ်းဖက်စစ်ကောင်စီနှင့်ပက်သက်မှုတစ်စုံတစ်ရာသော်လည်းကောင်း၊ ကျွန်ုပ်တို့အဖွဲ့များမှ စစ်ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်းသော်လည်းကောင်း တွေ့ရှိပါက ထိခိုက်မှု တစ်စုံတစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ
မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDF” နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဖြစ်သော “KNDO_Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဖြစ်ပါသည်”ဟု ယနေ့(ဇူလိုင် ၄ရက်)ညနေတွင် သတိပေးထားသည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းအားဖြင့် စစ်အာဏာရှင်တော်လှန်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
ထားဝယ်-ထီးခီးလမ်းကို စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းထိုးလာကြောင်းဒေသခံအချို့ကပြောသည်။
“ပကာရီဘက်နဲ့ကျောက်မဲတောင်ဘက်ကိုစခတွေ(စစ်ကောင်စီတပ်)ကခြေလျင်စစ်ကြောင်းထိုးနေတယ်။ PDFတွေကို တောနင်းရှာနေတယ်ပြောတယ်။ PDFတွေကအဆင့်သင်ဖြစ်နေပြီပြောတယ်၊ တိုက်ပွဲကပိုပြင်းထန်လာတော့မယ်” ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးကPeople’s Spring သို့ပြောသည်။
