တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမတွင် ၊ ကုန်တင်ကားဖြင့်သယ်လာသော စစ်ကောင်စီတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀ ခန့်ကို တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၃) က ယနေ့ညနေတွင် ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှသိရသည်။
ဇွန် ၂၀ရက် ညနေ ၆နာရီဝန်းကျင်တွင်အာရှလမ်းမကြီးပေါ်ရှိ နန်မွန်းထားရွာရှေ့တွင် ကုန်တင်ကားဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ အား တမူး PDF တပ်ရင်း ၃ က ဖမ်းဆီးဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသတွင်းသတင်းများဖော်ပြပေးနေသော Just you Tamu ဖေစ်ဘွခ်စာမျက်နှာကဖော်ပြထားသည်။

ဖမ်းဆီးရမိသော မြန်မာဘီယာဖာများကို မြေပြင်တွင်တန်းစီချ၍ အပေါ်မှကုန်တင်ကားမောင်း၍ ဖျက်ဆီးလိုက်သည်ကိုသတင်းဓါတ်ပုံများတွင်တွေ့ရသည်။
ဒေသတွင်း PDFများအားကောင်းသောစစ်ကိုင်းတိုင်းတွင် စစ်တပ်ထုတ်ကုန်များသယ်ဆောင်ရောင်းချခြင်းမပြုရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး သယ်ဆောင်ရောင်းချပါက PDFများကသတိပေးကာဖမ်းဆီးဖျက်ဆီးလေ့ရှိသည်။
တမူးPDFသည်အဆိုပါလမ်းပိုင်းတွင် ယခင်ကလည်းကားများကိုစစ်ဆေး၍စစ်တပ်ထုတ်ကုန်များတွ့ပါက ဖမ်းဆီးဖျက်ဆီးခဲ့သည်။နယ်မြေစိုးမိုးရးအတွက် တမူး-ကလေးလမ်းပိုင်းကိုတမူးPDFက မကြာခဏစစ်ဆေးလေ့ရှိသည်။
ဇွန်လဆန်းတွင် တမူးသို့စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်နှင့် တမူး PDF/ABSDF ပူးပေါင်းတပ်တို့ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်။
