တနင်္သာရီ မြို့နယ်အတွင်းရှိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်း၊ ည ၆နာရီမှ နံနက် ၆နာရီအထိ ဖြတ်သန်းသွားလာခြင်းမပြုရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဇွန်လ ၂၀ရက်) ထုတ်ပြန်သည်။
နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်သည့် ထုတ်ပြန်အသိပေးချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြထားသည်။

အလားတူ တနင်္သာရီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မြို့နယ်အတွင်းရှိ လယ်သစ်ကျေးရွာအုပ်စု၊မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ မြစ်ချောင်းအတွင်းမှ သဲကျောက်စုပ်ယူနေခြင်းအား နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ကြောင်း ယနေ့ ထုတ်ပြန် သည်။
သက်ဆိုင်သည့် မြစ်သဲကျောက်စုပ်ယူနေသူများအနေ ဖြင့် ယခုအသိပေးချက်ထုတ်ပြန် သည့်နေ့မှစ၍(၃)ရက်အတွင်း တားမြစ်ဧရိယာအတွင်းမှ ထွက်ခွာပေးရန်နှင့်
လိုက်နာဆောင်ရွက်ခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များမှ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်(ပအဖ)က ထုတ်ပြန် သည်။
