●အချင်းချင်းပစ်ခတ်၍စစ်သားတစ်ဦးသေဆုံးခဲ့မှုကိုPDF လာတိုက်သည်ဟု ပုံမှားရိုက်ကာ တိုက်ပွဲတုဖန်တီး
ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက်ခြေလျင်တပ်ရင်း-ခလရ(၂၆၈)ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က(၂)ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)အားပြည်သူလူထုအမြင်မှား စေရန် သွေးခွဲလုပ်ဆောင်ခဲ့ကြောင်း CNOကယနေ့ညတွင်ထုတ်ပြန်သည်။
ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သည့်အဆိုပါအသံမိုင်းခွဲမှုအပြင် “မိမိတို့၏သားသမီးများအလောင်းမကောက်လိုပါကကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထား ကြောင်း ဖော်ပြထားသည်။
CNO/CNDF အနေဖြင့်နိုင်ငံတကာစစ်ဥပေဒေကိုလိုက်နာပြီး ကျောင်းသား/သူများနှင့် ကျောင်းအဆောက်ဦးများကို ထိခိုက်စေမည် မဟုတ်ကြောင်း ထုတ်ပြန်ကာCNO/CNDF ၏ လုပ်ရပ် လုံးဝမဟုတ်ကြောင်း အသိပေးခဲ့သည်။
စစ်ကောင်စီတပ်သည်ဇွန်လ၁၇ရက်ညပိုင်းကလည်းတလန်လိုရပ်ကွက်ရှိ အထက (၃) ကျောင်း၌လုံခြုံရေးတာဝန်စောင့်နေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများအချင်းချင်း
ပစ်ခတ်မှုဖြစ်ခဲ့ရာတပ်သားတစ်ဦးအချင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးခဲ့သည်။သို့သော်စစ်ကောင်စီတပ်က ဒေသခံကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာအနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ခလရ(၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ကြရာ အပြစ်မဲ့ ပြည်သူတစ်ဦး လက် မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ဘိုင်လာကျေးရွာရှိနေအိမ်တစ်လုံးလည်းလက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇွန်လ ၁၉ရက်ညပိုင်းကလည်းဖလမ်းမြို့၊ တပ်ကုန်းမှလက်နက်ကြီး (၅)ကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
