စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းဖျက်ဆီးမှုကို ကာကွယ်ခဲ့သည့်ချောင်းဦးPDF အဖွဲ့ကရဲဘော်တစ်ဦးလက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့သည်။
ဇွန်လ၁၈ရက်နေ့နံနက်ပိုင်းကအကြမ်းဖက်စစ်ကောင်စီတပ်များသည် ချောင်းဦးမြို့နယ်၊ ညောင်ပင်တဲကျေးရွာသို့ ဝင်ရောက်စီးနင်းဖျက်ဆီးချိန် PDF ရဲဘော်များကကာကွယ်ချိန် တပ်ခွဲ (၃) မှ ရဲဘော် တိုးနိုင်ဝင်းသည် လက်နက်ကြီးထိမှန်ပြီး နိုင်ငံတော်အတွက်အသက်ပေးလှူ၍ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတွင်နိုင်ငံတော်နှင့်ပြည်သူ့အကျိုးစီးပွားအတွက်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ကျွန်ုပ်တို့ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိသားစုနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရကြောင်း ချောင်းဦး PDF ၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။
ကျဆုံးအာဇာနည်ရဲဘော်ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကို ကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချောင်းဦး PDF အဖွဲ့ကဝန်ခံကတိပြုခဲ့ကြသည်။
ချောင်းဦးမြို့နယ်သည်တော်လှန်ရေးအားကောင်းရာမုံရွာ၊ မြင်းမူ၊ မြောင်၊ မကွေးတိုင်းရေစကြိုအစရှိသည့်မြို့နယ်များနှင့်နယ်ချင်းဆက်နေပြီးတော်လှန်ရေးအစောပိုင်းကာလကတည်းကအကြမ်းဖက်စစ်တပ်အားခုခံတော်လှန်နေသည့် ဒေသတစ်ခုဖြစ်သည်။
